မကၠဆီကို ကူးတုိ႔သေဘၤာ ေပါက္ကြဲမႈ ၂၅ ဦး ဒဏ္ရာရ

0
223

မကၠဆီကိုႏိုင္ငံမွာ ေဖေဖာ္ဝါရီ ၂၁ ရက္ေန႔က ကူးတုိ႔ သေဘၤာတစ္စင္းေပၚမွာ ေပါက္ကြဲမႈ ျဖစ္ခဲ့တာေၾကာင့္ လူ ၂၅ ဦး ဒဏ္ရာရသြားခဲ့တယ္လို႔ မကၠဆီကို ရဲေတြက ေျပာပါတယ္။

မကၠဆီကိုႏုိင္ငံ၊ ပေလယာ ဒယ္လ္ ကာမန္ၿမိဳ႕ အနီးမွာ ေပါက္ကြဲမႈျဖစ္ၿပီး ေပါက္ကြဲမႈေၾကာင့္ မကၠဆီကို ၂၀ ဦး၊  ကေနဒါ ၃ ဦးနဲ႔ အေမရိကန္ ၂ ဦး ဒဏ္ရာရသြားခဲ့ပါတယ္။ ရရွိခဲ့တဲ့ဒဏ္ရာေတြက အသက္ အႏၱရာယ္ စိုးရိမ္စရာ မရွိဘူးလို႔ ကယ္ဆယ္ေရးအဖြဲ႔ေတြက ေျပာပါတယ္။

သေဘၤာ ကုန္းပတ္ေပၚမွာ စတင္မီးေလာင္ၿပီးေနာက္ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ဒဏ္ရာ ရသူေတြထဲမွာ အသက္ ၁၅ ႏွစ္နဲ႔ ၁၈ ႏွစ္ၾကား အရြယ္ေတြ မ်ားတယ္လို႔ ရဲေတြက ေျပာပါတယ္။ ေပါက္ကြဲမႈကို စံုစမ္းေနဆဲျဖစ္ၿပီး  ဂတ္စ္ယိုစိမ့္မႈ ဒါမွမဟုတ္ သေဘၤာအင္ဂ်င္ ေကာင္းမြန္မႈ မရွိတာေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ ခန္႔မွန္းထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မက္ကဆီကို ကူးတို့သင်္ဘော ပေါက်ကွဲမှု ၂၅ ဦး ဒဏ်ရာရ

မက္ကဆီကိုနိုင်ငံမှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ကူးတို့ သင်္ဘောတစ်စင်းပေါ်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် လူ ၂၅ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ မက္ကဆီကို ရဲတွေက ပြောပါတယ်။

မက္ကဆီကိုနိုင်ငံ၊ ပလေယာ ဒယ်လ် ကာမန်မြို့ အနီးမှာ ပေါက်ကွဲမှုဖြစ်ပြီး ပေါက်ကွဲမှုကြောင့် မက္ကဆီကို ၂၀ ဦး၊ ကနေဒါ ၃ ဦးနဲ့ အမေရိကန် ၂ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။ ရရှိခဲ့တဲ့ဒဏ်ရာတွေက အသက် အန္တရာယ် စိုးရိမ်စရာ မရှိဘူးလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

သင်္ဘော ကုန်းပတ်ပေါ်မှာ စတင်မီးလောင်ပြီးနောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာ ရသူတွေထဲမှာ အသက် ၁၅ နှစ်နဲ့ ၁၈ နှစ်ကြား အရွယ်တွေ များတယ်လို့ ရဲတွေက ပြောပါတယ်။ ပေါက်ကွဲမှုကို စုံစမ်းနေဆဲဖြစ်ပြီး ဂတ်စ်ယိုစိမ့်မှု ဒါမှမဟုတ် သင်္ဘောအင်ဂျင် ကောင်းမွန်မှု မရှိတာကြောင့် ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)