
0
295




>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကမ္ဘောဒီးယား ဝန်ကြီးချုပ်နဲ့ အစိုးရ အဖွဲ့ဝင်တွေကို ဂျာမနီက ခရီးသွားဗီဇာ ဆိုင်းငံ့

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် အစိုးရက အတိုက်အခံ ပါတီကို ဖြိုခွင်းမှု၊ ဖျက်သိမ်းမှုတွေ လုပ်ခဲ့တာကြောင့် ဂျာမနီနိုင်ငံက ဝန်ကြီးချုပ်နဲ့ အစိုးရ အဖွဲ့ဝင်တွေကို ခရီးသွားလာခွင့် ဆိုင်းငံ့ထားလိုက်ပါတယ်။

အခုဗီဇာဆိုင်းငံမှုဟာ အနောက်နိုင်ငံတွေက ကမ္ဘောဒီးယား အစိုးရအဖွဲ့အပေါ် အရေးယူမှုတွေထဲက နောက်ဆုံးတစ်ခု ဖြစ်ပါတယ်။ ကမ္ဘောဒီးယား နိုင်ငံအတွင်း ပြီးခဲ့တဲ့နှစ်မှာ တရားရုံးချုပ်က အတိုက်ခံပါတီ ကမ္ဘောဒီယား အမျိုးသားကယ်ဆယ်ရေး ပါတီ (CNRP) ကို ဖျက်သိမ်းလိုက်ပြီးနောက် အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက အစိုးရအပေါ် ဖိအားပေးမှုတွေ ရှိခဲ့ပါတယ်။

လူအခွင့်အရေး အဖွဲ့တွေနဲ့ ဥရော သမဂ္ဂက ရွေးကောက်ပွဲမတိုင်ခင် အစိုးရကို ဖြုတ်ချဖို့ ကြံစည်မှုနဲ့ ဖမ်းဆီးထားတဲ့ အတိုက်အခံ ပါတီခေါင်းဆောင် ကမ် ဆောခကို ချက်ခြင်းပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)