ဖိလစ္ပိုင္ အလုပ္သမား ၁ ေသာင္းအထိ ကူဝိတ္ကေန ေနရပ္ျပန္ဖို႔ ရွိေန

0
961

ကူဝိတ္ႏိုင္ငံမွာ ဖိလစ္ပိုင္ အိမ္အကူ တစ္ဦးရဲ႕ အေလာင္းကို ေရခဲေသတၱာထဲမွာ ေတြ႔ၿပီးေနာက္ ဖိလစ္ပိုင္ အစိုးရက ႏိုင္ငံကို ျပန္လာလိုတဲ့ အလုပ္သမားေတြကို ေလယာဥ္လက္မွတ္ အခမဲ့ စီစဥ္ေပးမယ္လို႔ ကမ္းလွမ္းထားရာမွာ ဖိလစ္ပိုင္ အလုပ္သမား ၁ ေသာင္းအထိ ျပန္လာဖို႔ ရွိေနပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ ဂ်ိဳအန္နာ ဒီမာဖိလစ္ အပါအဝင္ အလုပ္သမား မ်ားစြာ ေသဆံုးမႈ ရွိၿပီးတဲ့ေနာက္ သမၼတ ဒူတာေတးက ကူဝိတ္ကို ဖိလစ္ပိုင္ အလုပ္သမား ေစလႊတ္မႈ ပိတ္ပင္ဖို႔ အမိန္႔ေပးထားပါတယ္။  ဒီမာဖိလစ္ရဲ႕ ႐ုပ္အေလာင္းကို သူ႔အလုပ္ရွင္ရဲ႕ ေနအိမ္ ေရခဲေသတၱာအတြင္း ေတြ႔ရွိခဲ့တာ ျဖစ္ၿပီး အဲဒီလို ထည့္ထားတာ ၁ ႏွစ္ေက်ာ္ ရွိၿပီလို႔ အာဏာပိုင္ေတြက ခန္႔မွန္းပါတယ္။

ကူဝိတ္ အလုပ္ရွင္ေတြက ဖိလစ္ပိုင္ အိမ္အကူေတြ မျပန္ႏိုင္ေအာင္ ႏိုင္ငံကူးလက္မွတ္ကို သိမ္းယူတာေတြ ရွိတယ္လို႔ မီဒီယာေတြက ေဖာ္ျပပါတယ္။ ေနရပ္ ျပန္လည္ေရာက္ရွိလာတဲ့ အိမ္အကူေတြအတြက္ သမၼတ ဒူတာေတးက ေထာက္ပံ့ေငြအျဖစ္ တစ္ဦးကို ပီဆို ၅၀၀၀ ေထာက္ပံ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>

ဖိလစ်ပိုင် အလုပ်သမား ၁ သောင်းအထိ ကူဝိတ်ကနေ နေရပ်ပြန်ဖို့ ရှိနေ

ကူဝိတ်နိုင်ငံမှာ ဖိလစ်ပိုင် အိမ်အကူ တစ်ဦးရဲ့ အလောင်းကို ရေခဲသေတ္တာထဲမှာ တွေ့ပြီးနောက် ဖိလစ်ပိုင် အစိုးရက နိုင်ငံကို ပြန်လာလိုတဲ့ အလုပ်သမားတွေကို လေယာဉ်လက်မှတ် အခမဲ့ စီစဉ်ပေးမယ်လို့ ကမ်းလှမ်းထားရာမှာ ဖိလစ်ပိုင် အလုပ်သမား ၁ သောင်းအထိ ပြန်လာဖို့ ရှိနေပါတယ်။

အသက် ၂၉ နှစ်အရွယ် ဂျိုအန်နာ ဒီမာဖိလစ် အပါအဝင် အလုပ်သမား များစွာ သေဆုံးမှု ရှိပြီးတဲ့နောက် သမ္မတ ဒူတာတေးက ကူဝိတ်ကို ဖိလစ်ပိုင် အလုပ်သမား စေလွှတ်မှု ပိတ်ပင်ဖို့ အမိန့်ပေးထားပါတယ်။ ဒီမာဖိလစ်ရဲ့ ရုပ်အလောင်းကို သူ့အလုပ်ရှင်ရဲ့ နေအိမ် ရေခဲသေတ္တာအတွင်း တွေ့ရှိခဲ့တာ ဖြစ်ပြီး အဲဒီလို ထည့်ထားတာ ၁ နှစ်ကျော် ရှိပြီလို့ အာဏာပိုင်တွေက ခန့်မှန်းပါတယ်။

ကူဝိတ် အလုပ်ရှင်တွေက ဖိလစ်ပိုင် အိမ်အကူတွေ မပြန်နိုင်အောင် နိုင်ငံကူးလက်မှတ်ကို သိမ်းယူတာတွေ ရှိတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ နေရပ် ပြန်လည်ရောက်ရှိလာတဲ့ အိမ်အကူတွေအတွက် သမ္မတ ဒူတာတေးက ထောက်ပံ့ငွေအဖြစ် တစ်ဦးကို ပီဆို ၅၀ဝ၀ ထောက်ပံ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)