ဘုိကိုဟာရမ္ တုိက္ခုိက္မႈကို ေၾကာက္လုိ႔ ထြက္ေျပးတဲ့ ေက်ာင္းသူ ၇၆ ဦးကို ကယ္ဆယ္

0
891

ႏိုင္ဂ်ီးရီးယား စစ္တပ္နဲ႔ ဘုိကိုဟာရမ္ စစ္ေသြးၾကြအဖြဲ႔ တုိက္ခုိက္ခ်ိန္အတြင္း ထြက္ေျပးခဲ့တဲ့ ေက်ာင္းသူ ၇၆ ဦးကို ျပန္ကယ္ဆယ္ႏုိင္ခဲ့ပါတယ္။

ေဖေဖာ္ဝါရီ ၂၀ ရက္ေန႔က  ဘုိကိုဟာရမ္ စစ္ေသြးၾကြအဖြဲ႔ဟာ ေက်းရြာတစ္ရြာကို တုိက္ခိုက္ၿပီး ေက်ာင္းသူေတြကို ျပန္ေပးဆြဲဖို႔ လုပ္ေဆာင္ရာမွာ ေက်ာင္းသူေတြက စစ္ေသြးၾကြေတြ လက္ထဲက လြတ္ေျမာက္သြားခဲ့တာျဖစ္ပါတယ္။ ႏုိင္ဂ်ီးရီးယား စစ္တပ္က ထြက္ေျပး လြတ္ေျမာက္သြားတဲ့ ေက်ာင္းသူေတြထဲက ႐ုပ္အေလာင္း ၂ ေလာင္းကို ျပန္ရွာေတြခဲ့ၿပီး က်န္ေက်ာင္းသူ ၇၆ ဦးကို ျပန္ကယ္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။

 

ျပန္ကယ္ႏုိင္ခဲ့တဲ့ ေက်ာင္းသူေတြကို ဒါပခ်ီၿမိဳ႕ကို ျပန္ေခၚခ့ဲေပမယ့္ အနည္းဆံုး ေက်ာင္းသူ ၁၃ ဦး ေပ်ာက္ဆံုးေနဆဲ ျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဘုိကုိဟာရမ္ စစ္ေသြးၾကြအဖြဲ႔ဟာ ႏုိင္ဂ်ီးရီးယား ႏုိင္ငံအတြင္းရွိ ေက်ာင္းေတြက ေက်ာင္းသူေတြကို ျပန္ေပးဆြဲကာ ေရာင္းစားမႈ၊ အစြန္းေရာက္ အယူအဆ သြပ္သြင္းမႈေတြ လုပ္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘိုကိုဟာရမ် တိုက်ခိုက်မှုကို ကြောက်လို့ ထွက်ပြေးတဲ့ ကျောင်းသူ ၇၆ ဦးကို ကယ်ဆယ်

နိုင်ဂျီးရီးယား စစ်တပ်နဲ့ ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့ တိုက်ခိုက်ချိန်အတွင်း ထွက်ပြေးခဲ့တဲ့ ကျောင်းသူ ၇၆ ဦးကို ပြန်ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့ဟာ ကျေးရွာတစ်ရွာကို တိုက်ခိုက်ပြီး ကျောင်းသူတွေကို ပြန်ပေးဆွဲဖို့ လုပ်ဆောင်ရာမှာ ကျောင်းသူတွေက စစ်သွေးကြွတွေ လက်ထဲက လွတ်မြောက်သွားခဲ့တာဖြစ်ပါတယ်။ နိုင်ဂျီးရီးယား စစ်တပ်က ထွက်ပြေး လွတ်မြောက်သွားတဲ့ ကျောင်းသူတွေထဲက ရုပ်အလောင်း ၂ လောင်းကို ပြန်ရှာတွေခဲ့ပြီး ကျန်ကျောင်းသူ ၇၆ ဦးကို ပြန်ကယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြန်ကယ်နိုင်ခဲ့တဲ့ ကျောင်းသူတွေကို ဒါပချီမြို့ကို ပြန်ခေါ်ခဲ့ပေမယ့် အနည်းဆုံး ကျောင်းသူ ၁၃ ဦး ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့ဟာ နိုင်ဂျီးရီးယား နိုင်ငံအတွင်းရှိ ကျောင်းတွေက ကျောင်းသူတွေကို ပြန်ပေးဆွဲကာ ရောင်းစားမှု၊ အစွန်းရောက် အယူအဆ သွပ်သွင်းမှုတွေ လုပ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)