ပီ႐ူး အျမန္လမ္းမွာ ကားတစ္စီး ေတာင္ေအာက္ထုိးက်၊ ၄၄ ဦး ေသဆံုး

0
881

ပီ႐ူးႏုိင္ငံ ေတာင္ပိုင္းရွိ အျမန္လမ္းမွာ ေမာင္းႏွင္းလာတဲ့ ခရီးသည္တင္ ကားတစ္စီးဟာ ေတာင္ေအာက္ကို ထိုးက်ခဲ့တာေၾကာင့္   လူ ၄၄ ဦး ေသဆံုးသြားခဲ့တယ္လို႔ ေဒသခံရဲေတြက ေျပာပါတယ္။   

ကားမေတာ္တဆမႈဟာ ပီ႐ူးႏုိင္ငံ ေတာင္ပိုင္း အာေရကီြပါ ေဒသရွိ အိုကာညာ တံတားအနီးမွာ ျဖစ္ခဲ့တာျဖစ္ၿပီး ကားဟာ မီတာ ၈၀ နဲ႔ ၁၀၀ မီတာၾကားရွိ အျမင့္ကေန ေအာက္ကို ထုိးက်သြားခဲ့တာ ျဖစ္ပါတယ္။ ကားဟာ ေတာင္ၾကားထဲကို ထုိးက်သြားခဲ့တယ္လို႔ မ်က္ျမင္သက္ေသေတြက ေျပာပါတယ္။

ေရး လာတီႏို ကုမၸဏီပိုင္ ခရီးသည္တင္ယာဥ္ဟာ ခ်ယ္လာၿမိဳ႕ကေန အာေရကြီပါကို ေမာင္းႏွင္ေနတာ ျဖစ္ပါတယ္။ မေတာ္တဆ ျဖစ္ရတဲ့ အေၾကာင္းရင္းကို အတိအက် မသိေသးပါဘူး။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပီရူး အမြန်လမ်းမှာ ကားတစ်စီး တောင်အောက်ထိုးကျ၊ ၄၄ ဦး သေဆုံး

ပီရူးနိုင်ငံ တောင်ပိုင်းရှိ အမြန်လမ်းမှာ မောင်းနှင်းလာတဲ့ ခရီးသည်တင် ကားတစ်စီးဟာ တောင်အောက်ကို ထိုးကျခဲ့တာကြောင့် လူ ၄၄ ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံရဲတွေက ပြောပါတယ်။

ကားမတော်တဆမှုဟာ ပီရူးနိုင်ငံ တောင်ပိုင်း အာရေကွီပါ ဒေသရှိ အိုကာညာ တံတားအနီးမှာ ဖြစ်ခဲ့တာဖြစ်ပြီး ကားဟာ မီတာ ၈၀ နဲ့ ၁၀ဝ မီတာကြားရှိ အမြင့်ကနေ အောက်ကို ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။ ကားဟာ တောင်ကြားထဲကို ထိုးကျသွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ရေး လာတီနို ကုမ္ပဏီပိုင် ခရီးသည်တင်ယာဉ်ဟာ ချယ်လာမြို့ကနေ အာရေကွီပါကို မောင်းနှင်နေတာ ဖြစ်ပါတယ်။ မတော်တဆ ဖြစ်ရတဲ့ အကြောင်းရင်းကို အတိအကျ မသိသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)