သမၼတ ဒူတာေတးနဲ႔ ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္တို႔ကို CIA က ေဒသတြင္း ၿခိမ္းေျခာက္သူ စာရင္းသြင္း

0
872

ဖိလစ္ပိုင္ သမၼတ ႐ိုဒရီဂို ဒူတာေတးနဲ႔ ကေမာၻဒီးယား ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္တို႔ကို အေရွ႕ေတာင္အာရွ ေဒသတြင္း ၿခိမ္းေျခာက္သူေတြအျဖစ္ အေမရိကန္ ေထာက္လွမ္းေရး CIA က စာရင္းသြင္းလိုက္ပါတယ္။

သမၼတ ဒူတာေတးရဲ႕ ေတာ္လွန္ေသာ အစိုးရ ေၾကြးေၾကာ္မႈနဲ႔ ႏိုင္ငံတစ္ဝန္း စစ္အုပ္ခ်ဳပ္ေရး ထုတ္ျပန္ခဲ့မႈေတြဟာ ေဒသတြင္း ဒီမိုကေရစီကို ၿခိမ္းေျခာက္ေနတယ္လို႔ ေဖေဖာ္ဝါရီ ၁၃ ရက္ေန႔က CIA ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ကေမာၻဒီးယား ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ကေတာ့ ဒီမိုကရက္တစ္ အဖြဲ႔အစည္းေတြနဲ႔ အရပ္ဖက္ အဖြဲ႔အစည္းေတြကို ႏွိပ္ကြပ္မႈ၊ အစိုးရနဲ႔ တရားေရး မ႑ိဳင္ကို ႀကိဳးကိုင္မႈ၊ ၂၀၁၈ ေရြးေကာက္ပြဲ မတိုင္ခင္ ႏိုင္ငံေရး အၾကမ္းဖက္မႈကို အားေပးမႈေတြေၾကာင့္ ၿခိမ္းေျခာက္သူ စာရင္းထဲ သြင္းထားတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>

သမ္မတ ဒူတာတေးနဲ့ ဝန်ကြီးချုပ် ဟွန်ဆန်တို့ကို CIA က ဒေသတွင်း ခြိမ်းခြောက်သူ စာရင်းသွင်း

ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်တို့ကို အရှေ့တောင်အာရှ ဒေသတွင်း ခြိမ်းခြောက်သူတွေအဖြစ် အမေရိကန် ထောက်လှမ်းရေး CIA က စာရင်းသွင်းလိုက်ပါတယ်။

သမ္မတ ဒူတာတေးရဲ့ တော်လှန်သော အစိုးရ ကြွေးကြော်မှုနဲ့ နိုင်ငံတစ်ဝန်း စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့မှုတွေဟာ ဒေသတွင်း ဒီမိုကရေစီကို ခြိမ်းခြောက်နေတယ်လို့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က CIA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ကတော့ ဒီမိုကရက်တစ် အဖွဲ့အစည်းတွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေကို နှိပ်ကွပ်မှု၊ အစိုးရနဲ့ တရားရေး မဏ္ဍိုင်ကို ကြိုးကိုင်မှု၊ ၂၀၁၈ ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အကြမ်းဖက်မှုကို အားပေးမှုတွေကြောင့် ခြိမ်းခြောက်သူ စာရင်းထဲ သွင်းထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)