ေတာင္အာဖရိက ရဲစခန္း စီးနင္းတုိက္ခုိက္ခံရၿပီး ရဲကားနဲ႔ ေသနတ္ေတြ လုယူခံရ

0
906

ေတာင္အာဖရိက ႏိုင္ငံရွိ ရဲစခန္းတစ္ခု စီနင္းတုိက္ခုိက္ခံရမႈေၾကာင့္ ရဲအရာရွိ ၅ ဦးနဲ႔   စစ္သားတစ္ဦး ေသဆံုးသြားၿပီး ရဲကားနဲ႔ ေသနတ္ေတြလည္း လုယူခံရပါတယ္။

ရဲအရာရွိ ၃ ဦးဟာ ရဲစခန္း တုိက္ခိုက္ခံရခ်ိန္အတြင္း ေသဆံုးသြားခဲ့ၿပီး တုိက္ခုိက္သူေတြ ထြက္ေျပးခ်ိန္မွာ တျခား ရဲအရာရွိ ၂ ဦးကို ျပန္ေပးဆြဲခဲ့တဲ့အျပင္ နားရက္ရယူထားတဲ့ စစ္သားတစ္ဦးကိုလည္း ပစ္သတ္ခဲ့ပါတယ္။

ေနာက္ပုိင္းမွာ စီနင္းတုိက္ခုိက္သူေတြ ျပန္ေပးဆြဲခဲ့တဲ့ ရဲအရာရွိ ၂ ဦးရဲ႕ ႐ုပ္အေလာင္းေတြကို ျပန္ရွာေတြ႔ခဲ့တယ္လို႔ ေတာင္အာဖရိက အစိုးရက သတင္းထုတ္ျပန္ပါတယ္။ စီးနင္းတုိက္ခုိက္ခဲ့တဲ့ ေသနတ္သမားအုပ္စုဟာ ရဲစခန္းက ဗင္ကားတစ္စီးနဲ႔ ေသနတ္ ၁၀ လက္ကို ယူေဆာင္သြားခဲ့ပါတယ္။

ေတာင္အာဖရိက ႏုိင္ငံအတြင္း မၾကာခဏ ရဲေတြကို သတ္ျဖတ္မႈေတြ ရွိတယ္လုိ႔ ရာဇဝတ္မႈ တုိက္ဖ်က္ေရး အဖြဲ႔က ေျပာပါတယ္။ ေတာင္အာဖရိက ရဲတပ္ဖြဲ႔ ေကာ္မရွင္နာ ရဲခ်ဳပ္ ေခလာ ဂြ်န္ ဆီတိုလီက စီးနင္း တုိက္ခုိက္ခဲ့သူေတြကို ရွာေဖြ ဖမ္းဆီးမွာ ျဖစ္ၿပီး တိုက္ခုိက္မႈေတြအတြက္ အႀကီးအက်ယ္ စိတ္ပ်က္ရသလို  အလြန္မင္း ဝမ္းနည္းရတယ္လို႔ ေျပာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်အာဖရိက ရဲစခန်း စီးနင်းတိုက်ခိုက်ခံရပြီး ရဲကားနဲ့ သေနတ်တွေ လုယူခံရ

တောင်အာဖရိက နိုင်ငံရှိ ရဲစခန်းတစ်ခု စီနင်းတိုက်ခိုက်ခံရမှုကြောင့် ရဲအရာရှိ ၅ ဦးနဲ့ စစ်သားတစ်ဦး သေဆုံးသွားပြီး ရဲကားနဲ့ သေနတ်တွေလည်း လုယူခံရပါတယ်။

ရဲအရာရှိ ၃ ဦးဟာ ရဲစခန်း တိုက်ခိုက်ခံရချိန်အတွင်း သေဆုံးသွားခဲ့ပြီး တိုက်ခိုက်သူတွေ ထွက်ပြေးချိန်မှာ တခြား ရဲအရာရှိ ၂ ဦးကို ပြန်ပေးဆွဲခဲ့တဲ့အပြင် နားရက်ရယူထားတဲ့ စစ်သားတစ်ဦးကိုလည်း ပစ်သတ်ခဲ့ပါတယ်။

နောက်ပိုင်းမှာ စီနင်းတိုက်ခိုက်သူတွေ ပြန်ပေးဆွဲခဲ့တဲ့ ရဲအရာရှိ ၂ ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်ရှာတွေ့ခဲ့တယ်လို့ တောင်အာဖရိက အစိုးရက သတင်းထုတ်ပြန်ပါတယ်။ စီးနင်းတိုက်ခိုက်ခဲ့တဲ့ သေနတ်သမားအုပ်စုဟာ ရဲစခန်းက ဗင်ကားတစ်စီးနဲ့ သေနတ် ၁၀ လက်ကို ယူဆောင်သွားခဲ့ပါတယ်။

တောင်အာဖရိက နိုင်ငံအတွင်း မကြာခဏ ရဲတွေကို သတ်ဖြတ်မှုတွေ ရှိတယ်လို့ ရာဇဝတ်မှု တိုက်ဖျက်ရေး အဖွဲ့က ပြောပါတယ်။ တောင်အာဖရိက ရဲတပ်ဖွဲ့ ကော်မရှင်နာ ရဲချုပ် ခေလာ ဂျွန် ဆီတိုလီက စီးနင်း တိုက်ခိုက်ခဲ့သူတွေကို ရှာဖွေ ဖမ်းဆီးမှာ ဖြစ်ပြီး တိုက်ခိုက်မှုတွေအတွက် အကြီးအကျယ် စိတ်ပျက်ရသလို အလွန်မင်း ဝမ်းနည်းရတယ်လို့ ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)