မြန္တီနီဂ႐ိုးရွိ အေမရိကန္ သံ႐ံုး ေပါက္ကြဲေစတဲ့ပစၥည္းနဲ႔ ပစ္ေပါက္တုိက္ခုိက္ခံရ

0
845

မြန္တီနီဂ႐ိုးႏုိင္ငံ၊ ေပါ့ဂိုရီကာၿမိဳ႕ရွိ အေမရိကန္သံ႐ံုး အေဆာက္အဦးထဲကို အမည္မသိ လူတစ္ဦးက   ေပါက္ကြဲေစတဲ့ပစၥည္းနဲ႔ ပစ္ေပါက္ တိုက္ခိုက္ခဲ့တယ္လို႔ မြန္တီနီဂ႐ိုး အစိုးရက ေျပာပါတယ္။

ေဖေဖာ္ဝါရီ ၂၁ ရက္ေန႔ ညပိုင္းက အမည္မသိသူတစ္ဦးဟာ ၿမိဳ႕ေတာ္ရွိ အားကစားစင္တာအနီး လမ္းဆံုကေန  အေမရိကန္ သံ႐ံုးအေဆာက္အဦးထဲကို ေပါက္ကြဲေစတဲ့ပစၥည္းနဲ႔ ပစ္ခဲ့တာျဖစ္ၿပီး အဲဒီပစ္ခဲ့တဲ့ပစၥည္းဟာ လက္ပစ္ဗံုး ျဖစ္ဖြယ္ရွိတယ္လို႔ စံုစမ္းေရး ရဲအရာရွိေတြက ေျပာပါတယ္။

လက္ပစ္ဗံုးနဲ႔ ပစ္သြားသူကို သံ႐ံုးနဲ႔ မလွမ္းမကမ္းမွာ ေသဆံုးေနတာ ေတြ႔ရၿပီး ခုလို တိုက္ခိုက္ရတဲ့ အေၾကာင္းရင္းကို မသိရေသးပါဘူး။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မွန်တီနီဂရိုးရှိ အမေရိကန် သံရုံး ပေါက်ကွဲစေတဲ့ပစ္စည်းနဲ့ ပစ်ပေါက်တိုက်ခိုက်ခံရ

မွန်တီနီဂရိုးနိုင်ငံ၊ ပေါ့ဂိုရီကာမြို့ရှိ အမေရိကန်သံရုံး အဆောက်အဦးထဲကို အမည်မသိ လူတစ်ဦးက   ပေါက်ကွဲစေတဲ့ပစ္စည်းနဲ့ ပစ်ပေါက် တိုက်ခိုက်ခဲ့တယ်လို့ မွန်တီနီဂရိုး အစိုးရက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညပိုင်းက အမည်မသိသူတစ်ဦးဟာ မြို့တော်ရှိ အားကစားစင်တာအနီး လမ်းဆုံကနေ  အမေရိကန် သံရုံးအဆောက်အဦးထဲကို ပေါက်ကွဲစေတဲ့ပစ္စည်းနဲ့ ပစ်ခဲ့တာဖြစ်ပြီး အဲဒီပစ်ခဲ့တဲ့ပစ္စည်းဟာ လက်ပစ်ဗုံး ဖြစ်ဖွယ်ရှိတယ်လို့ စုံစမ်းရေး ရဲအရာရှိတွေက ပြောပါတယ်။

လက်ပစ်ဗုံးနဲ့ ပစ်သွားသူကို သံရုံးနဲ့ မလှမ်းမကမ်းမှာ သေဆုံးနေတာ တွေ့ရပြီး ခုလို တိုက်ခိုက်ရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)