ေက်ာင္းဆရာေတြကို လက္နက္ တပ္ဆင္ေပးဖို႔ သမၼတ ထရမ့္ အႀကံျပဳ

0
245

 

ဖေလာ္ရီဒါ ျပည္နယ္မွာ ၁၇ ဦး ေသဆံုးတဲ့ အထက္တန္းေက်ာင္းအတြင္း ေသနတ္ပစ္ခတ္မႈ ျဖစ္ၿပီးေနာက္ ေက်ာင္းဆရာေတြကို လက္နက္ တပ္ဆင္ေပးဖို႔ အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္က အႀကံျပဳပါတယ္။

သမၼတ ထရမ့္ဟာ အသက္ ရွင္က်န္ရစ္တဲ့ ေက်ာင္းသား ေက်ာင္းသူေတြ၊ သား သမီး ဆံုး႐ံႈးသြားတဲ့ မိဘေတြနဲ႔ နာရီခ်ီၾကာျမင့္တဲ့ ေတြ႔ဆံုေဆြးေႏြးပြဲ လုပ္ခဲ့ပါတယ္။

လက္နက္ တပ္ဆင္ေပးထားတဲ့ ေက်ာင္းဆရာေတြနဲ႔ ေက်ာင္းဝန္ထမ္းေတြဟာ အနာဂတ္မွာ ျဖစ္လာႏိုင္တဲ့ ပစ္ခတ္မႈေတြကို တားဆီးႏိုင္မယ္ဆိုတဲ့ စိတ္ကူးကို အမ်ိဳးသား႐ိုင္ဖယ္အသင္းကလည္း ေထာက္ခံထားပါတယ္။

ေသနတ္ ဝယ္ယူသူေတြရဲ႕ ေနာက္ေၾကာင္းကို တင္းတင္းက်ပ္က်ပ္ စံုစမ္းတာ၊ ေသနတ္ ဝယ္ယူခြင့္ရွိတဲ့ အသက္နဲ႔ ေသနတ္ အမ်ိဳးအစား ကန္႔သတ္တာေတြ လုပ္ေဆာင္သြားမယ္လို႔ သမၼတ ထရမ့္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>

ကျောင်းဆရာတွေကို လက်နက် တပ်ဆင်ပေးဖို့ သမ္မတ ထရမ့် အကြံပြု

ဖလော်ရီဒါ ပြည်နယ်မှာ ၁၇ ဦး သေဆုံးတဲ့ အထက်တန်းကျောင်းအတွင်း သေနတ်ပစ်ခတ်မှု ဖြစ်ပြီးနောက် ကျောင်းဆရာတွေကို လက်နက် တပ်ဆင်ပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က အကြံပြုပါတယ်။

သမ္မတ ထရမ့်ဟာ အသက် ရှင်ကျန်ရစ်တဲ့ ကျောင်းသား ကျောင်းသူတွေ၊ သား သမီး ဆုံးရှုံးသွားတဲ့ မိဘတွေနဲ့ နာရီချီကြာမြင့်တဲ့ တွေ့ဆုံဆွေးနွေးပွဲ လုပ်ခဲ့ပါတယ်။

လက်နက် တပ်ဆင်ပေးထားတဲ့ ကျောင်းဆရာတွေနဲ့ ကျောင်းဝန်ထမ်းတွေဟာ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ပစ်ခတ်မှုတွေကို တားဆီးနိုင်မယ်ဆိုတဲ့ စိတ်ကူးကို အမျိုးသားရိုင်ဖယ်အသင်းကလည်း ထောက်ခံထားပါတယ်။

သေနတ် ဝယ်ယူသူတွေရဲ့ နောက်ကြောင်းကို တင်းတင်းကျပ်ကျပ် စုံစမ်းတာ၊ သေနတ် ဝယ်ယူခွင့်ရှိတဲ့ အသက်နဲ့ သေနတ် အမျိုးအစား ကန့်သတ်တာတွေ လုပ်ဆောင်သွားမယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)