၂၀၂၅ ခုနှစ်အမီ ဘောလုံးသင်တန်းကျောင်းပေါင်း ၅ သောင်း ဆောက်လုပ်ဖို့ တရုတ်စီစဉ်နေ

0
293

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ဘောလုံးအားကစားစွမ်းရည်တိုးမြှင့်ဖို့ ရည်ရွယ်ပြီး လာမယ့် ၂၀၂၅ ခုနှစ်အမီ နိုင်ငံတစ်ဝန်းလုံးမှာ ဘောလုံးအကယ်ဒမီသင်တန်းကျောင်းပေါင်း ၅ သောင်းနီးပါး ဆောက်လုပ်သွားဖို့ စီစဉ်နေပါတယ်။

အဲဒီ စီမံကိန်းကို တရုတ်နိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဝမ်တန်ဖန်းက  ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ထုတ်ဖော်ပြောကြားခဲ့တာပါ။

ဒီအစီအစဉ်ဟာ အရင်က ၂၀၂၅ ခုနှစ်အမီ ဘောလုံးသင်တန်းကျောင်းပေါင်း ၂ သောင်းဆောက်လုပ်ဖို့ စီစဉ်ထားရာကနေ ခုချိန်မှာ စီမံကိန်းကို နှစ်ဆတိုးပြီး အရှိန်မြှင့်လိုက်တာပါ။

ဘောလုံးအကယ်ဒမီတွေ တည်ဆောက်ပြီးရင် တစ်ကျောင်းမှာ သင်တန်းသား ၁ ထောင်လောက်ကို မွေးထုတ်ပေးပြီး အရင်နှစ် ဧပြီလက ကြေညာခဲ့တဲ့အတိုင်း ကစားသမားပေါင်း ၅ သန်း ထွက်ပေါ်လာဖို့ အားသန်နေတာ ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ တရုတ်နိုင်ငံဘောလုံးအသင်းကို ကိုင်တွယ်ဖို့ ကမ္ဘာ့ဖလားဆုရှင် ဘရာဇီး ဘောလုံးမန်နေဂျာ မာဆဲလိုလစ်ပီကို စာချုပ်ချုပ်ဆို ငှားရမ်းခဲ့သလို လူငယ်ဖွံ့ဖြိုးရေးအတွက် ဘောလုံးကွင်းပေါင်း ၇ သောင်း ဆောက်သွားဖို့လည်း စီစဉ်နေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)