လူပေါင်း သန်း ၅၀၀ နီးပါး အလုပ်အကိုင် မရှိဟု ILO ပြော

0
9

ကမ္ဘာတဝန်းမှာရှိတဲ့ လူပေါင်း သန်း ၅၀၀ နီးပါးဟာ အလုပ်လုပ်ကိုင်မှု မရှိတာ ဒါမှမဟုတ် သူတို့လုပ်ချင်တဲ့ လုပ်ခပေး အချိန်အောက် လျော့နည်းပြီး လုပ်နေကြတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO) က ပြောပါတယ်။

ILO ရဲ့ နှစ်စဉ် အစီရင်ခံစာဖြစ်တဲ့ ကမ္ဘာ့အလုပ်ကိုင်နဲ့ လူမှု ရှုမြင်သုံးသပ်ရေး ၂၀၂၀ ဦးတည်ချက်များကို ဇန်နဝါရီလ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ကမ္ဘာ့အလုပ်လက်မဲ့နှုန်းဟာ ၅ ဒသမ ၄ ရာခိုင်နှုန်းမှာ ရှိနေတာ၊ တနည်းအားဖြင့်် လူပေါင်း ၁၈၈ သန်းဟာ အလုပ်လက်မဲ့ ဖြစ်နေကြတယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း တဖြည်းဖြည်း ကျဆင်းလာတာ ဖြစ်ပါတယ်။

ကမျဘာတဝနြးက အလုပလြကမြဲ့သူတှအပှေငြ လူပေါငြး ၁၆၅ သနြးအတှကြ လုပခြပေး အလုပအြကိုငြ မလုံလောကမြှုဖှဈနပှေီး သနြး ၁၂၀ ဟာ အလုပကြို တကတြကကြှှကှှ ရှာဖှဖေို့ စိတလြွှော့ရတာ၊ ဒါမှမဟုတြ အလုပသြမားစွေးကှကနြဲ့ မဆကသြှယနြိုငဘြဲ နနရေတောတှေ ရှိတယလြို့ အဲဒီ အစီရငခြံမှာ ဖောပြှထားပါတယြ။ စုစုပေါငြးအနနေဲ့ ကမျဘာတဝနြးမှာရှိတဲ့ အနညြးဆုံး လူ သနြး ၄၇၀ ကို သကရြောကမြှုရှိနပေါတယြ။ တဈရကကြို ၃ ဒေါလြာနဲ့ ၂၀ ဆင့ြ အောကသြာ ရရှိတဲ့ လုပအြားခနဲ့ အလုပလြုပနြရမှေုလို့ အဓိပျပာယြ သတမြှတတြဲ့ Working Poverty ဟာ အလုပသြမားပေါငြး သနြး ၆၃၀ ဒါမှမဟုတြ ကမျဘာ့အလုပသြမား စုစုပေါငြးရဲ့ ၅ပုံ ၁ ပုံ အပေါြ သကရြောကမြှု ရှိနပေါတယြ။

လူပေါငျး သနျး ၅၀၀ နီးပါး အလုပျအကိုငျ မရှိဟု ILO ပွော 

ကမ္ဘာတဝန်းမှာရှိတဲ့ လူပေါင်း သန်း ၅၀၀ နီးပါးဟာ အလုပ်လုပ်ကိုင်မှု မရှိတာ ဒါမှမဟုတ် သူတို့လုပ်ချင်တဲ့ လုပ်ခပေး အချိန်အောက် လျော့နည်းပြီး လုပ်နေကြတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO) က ပြောပါတယ်။ 

ILO ရဲ့ နှစ်စဉ် အစီရင်ခံစာဖြစ်တဲ့ ကမ္ဘာ့အလုပ်ကိုင်နဲ့ လူမှု ရှုမြင်သုံးသပ်ရေး ၂၀၂၀ ဦးတည်ချက်များကို ဇန်နဝါရီလ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ကမ္ဘာ့အလုပ်လက်မဲ့နှုန်းဟာ ၅ ဒသမ ၄ ရာခိုင်နှုန်းမှာ ရှိနေတာ၊ တနည်းအားဖြင့် လူပေါင်း ၁၈၈ သန်းဟာ အလုပ်လက်မဲ့ ဖြစ်နေကြတယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း တဖြည်းဖြည်း ကျဆင်းလာတာ ဖြစ်ပါတယ်။ 

ကမ္ဘာတဝန်းက အလုပ်လက်မဲ့သူတွေအပြင် လူပေါင်း ၁၆၅ သန်းအတွက် လုပ်ခပေး အလုပ်အကိုင် မလုံလောက်မှုဖြစ်နေပြီး သန်း ၁၂၀ ဟာ အလုပ်ကို တက်တက်ကြွကြွ ရှာဖွေဖို့ စိတ်လျှော့ရတာ၊ ဒါမှမဟုတ် အလုပ်သမားဈေးကွက်နဲ့ မဆက်သွယ်နိုင်ဘဲ နေနေရတာတွေ ရှိတယ်လို့ အဲဒီ အစီရင်ခံမှာ ဖော်ပြထားပါတယ်။ စုစုပေါင်းအနေနဲ့ ကမ္ဘာတဝန်းမှာရှိတဲ့ အနည်းဆုံး လူ သန်း ၄၇၀ ကို သက်ရောက်မှုရှိနေပါတယ်။ တစ်ရက်ကို ၃ ဒေါ်လာနဲ့ ၂၀ ဆင့် အောက်သာ ရရှိတဲ့ လုပ်အားခနဲ့ အလုပ်လုပ်နေရမှုလို့ အဓိပ္ပာယ် သတ်မှတ်တဲ့ Working Poverty ဟာ အလုပ်သမားပေါင်း သန်း ၆၃၀ ဒါမှမဟုတ် ကမ္ဘာ့အလုပ်သမား စုစုပေါင်းရဲ့ ၅ပုံ ၁ ပုံ အပေါ် သက်ရောက်မှု ရှိနေပါတယ်။