
0
2151




ဒီစစ်တပ်သုံးရဟတ်ယာဉ်အမျိုးအစားကို အီဂျစ် ၊ ဂရိ ၊ အိန္ဒိယ ၊ အင်ဒို ၊ အစ္စရေး ၊ ဂျပန် ၊ တောင်ကိုရီးယား ၊ ကူဝိတ် ၊ နယ်သာလန် ၊ ဆော်ဒီ အာရေဗျ၊ အာရပ်ဆော်ဘွားများပြည်ထောင်စု နဲ့ ဗြိတိန်နိုင်ငံတွေကို တင်ပို့နေတာဖြစ်တယ်လို့ ဘိုးရင်းကုမ္ပဏီ တာဝန်ရှိသူတွေက ပြောပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန်မှာ စစ်ရေးလေ့ကျင့်နေတဲ့ ရဟတ်ယာဉ်ပျက်ကျ စစ်သား ၂ ဦးသေ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်း က အမေရိကန် စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့လို့ စစ်သား ၂ ဦးသေဆုံး သွားခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေကိုပြုလုပ်နေကြပါတယ်။

AH-64 Apache ရဟတ်ယာဉ်ဟာ ကယ်လီဖိုးနီးယား ပြည်နယ်တောင်ပိုင်း မှာ လေ့ကျင့်နေစဉ် အတွင်း ပျက်ကျသွားခဲ့ တာဖြစ်ပြီး သေဆုံးသွားခဲ့သူ လေယာဉ် မောင်းသူ ၂ ဦး စလုံးဟာ ကော်လိုရာဒို ပြည်နယ် Fort Carson အခြေစိုက် လေတပ်စခန်းကပဲ ဖြစ်ပါတယ်။

အဲ့ဒီ စစ်တပ်သုံးရဟတ်ယာဉ်တွေကို အရီဇိုးနားပြည်နယ်ရှိ Boeing ကုမ္ပဏီက ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး AH-64 Apache ရဟတ်ယာဉ်တွေကို ၃.၄ ဘီလံယံဖိုးဝယ်ယူဖို့ စာချုပ်ချူပ်ဆိုထားတာလည်း ဖြစ်ပါတယ်။

ဒီစစ်တပ်သုံးရဟတ်ယာဉ်အမျိုးအစားကို အီဂျစ် ၊ ဂရိ ၊ အိန္ဒိယ ၊ အင်ဒို ၊ အစ္စရေး ၊ ဂျပန် ၊ တောင်ကိုရီးယား ၊ ကူဝိတ် ၊ နယ်သာလန် ၊ ဆော်ဒီ အာရေဗျ၊ အာရပ်ဆော်ဘွားများပြည်ထောင်စု နဲ့ ဗြိတိန်နိ်ုင်ငံတွေကို တင်ပို့နေတာဖြစ်တယ်လို့ ဘိုးရင်းကုမ္ပဏီ တာဝန်ရှိသူတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)