
0
2128





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါ်လာ ၃ သိန်းတန်ဖိနပ်ကို အာရပ်ဆော်ဘွား ဒီဇိုင်နာတီထွင် ရောင်းချ

အဖြူရောင်စိန် ၅၄ ကာရတ် နဲ့ ၄၁၆.၂ ကာရတ်အလေးချိတ်ရှိတဲ့ နီလာတွေ ပါဝင်ပြီး ရွှေ နဲ့ ပလက် တီနမ် ပေါင်းစပ်ဖန်တီးထားတဲ့ ဒေါက်မြင့်ဖိနပ်အသစ်တစ်ရံကို နာမည်ကြီး ဒီဇိုင်းနာ ဖန်တီးထုတ်လုပ် လိုက်ပြီ ဖြစ်ပါတယ်။

Jada နာမည်ကြီးတဲ့တံဆိပ် ဖြစ်ပြီး အဲ့ဒီဖိနပ် ကို ပေါင် ၂၁၅၀ဝ၀(အမေရိကန် ဒေါ်လာ ၃၀ဝ၀ဝ) နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

ဒီဖိနပ်တွေကို အာရပ်ဆော်ဘွားများပြည်ထောင်စုက ဒီဇိုင်နာ ဂျေဒါဒူဘိုင်း ဆိုသူ က တီထွင်ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ တုန်းကလည်း ဒူဘိုင်းမှာ ပန်းရောင် ၊ အပြာရောင် ၊ အဖြူရောင် စိန်တွေနဲ့ ဖန်တီးထားတဲ့ ဖိနပ်တွေကို တော်ဝင်အသုံးအဆောင် ပစ္စည်းစုစည်းမှု အဖြစ်ပြ သခဲ့ ပြီးလည်း ဖြစ်ပါတယ်။

အဲ့ဒီလို ဖန်တီးထားတဲ့ ဖိနပ်တွေကို Princess Diana ၊ Grace Kelly ၊ Cleopatra ၊ French empress Josephine ဆိုတဲ့ နာမည်တွေပေးထားပြီး ဒါတွေဟာ ကမ္ဘာ့ဈေးအကြီးဆုံးဖိနပ်တွေလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)