
0
2118


ဈေးအတွင်းရှိ မော်တော်ဆိုင်ကယ်တစ်စင်းမှာ ဗုံးကို တပ်ဆင်ထားခဲ့တာ ဖြစ်ပြီး သေဆုံးသူ အရေအတွက်လည်း ဆက်လက်မြင့်တက်လာနိုင်တဲ့အခြေအနေမှာ ရှိနေပါတယ်။



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွား ၃ ဦးသေ ၂၂ ဦးဒဏ်ရာရ

ထိုင်းနိုင်ငံ တောင်ပိုင်း Yala ပြည်နယ်ထဲရှိ ဈေးတစ်ခုအတွင်း ဒီကနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ဗုံးပေါက်ကွဲမှု တစ်ခုဖြစ် ပွား ခဲ့လို့ သေဆုံးသူ အနည်းဆုံး ၃ ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၂ ဦးရှိခဲ့ပါတယ်။

ဈေးအတွင်းရှိ မော်တော်ဆိုင်ကယ်တစ်စင်းမှာ ဗုုံးကို တပ်ဆင်ထားခဲ့တာ ဖြစ်ပြီး သေဆုံးသူ အရေအတွက်လည်း ဆက်လက်မြင့်တက်လာနိုင်တဲ့အခြေအနေမှာ ရှိနေပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း Narathiwat ၊ Pattani နဲ့ Yala ပြည်နယ်တွေမှာ မလေးမွတ်စလင်တွေ အများဆုံးနေထိုင်တဲ့နေရာလည်း ဖြစ်ပြီး ၂၀ဝ၄ ခုနှစ်ကစလို့ အစွန်းရောက်မလေးမွတ်စလင်တွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၇၀ဝ၀ ကျော်အထိ ရှိလာခဲ့ပြီ လည်း ဖြစ်ပါတယ်။

လက်ရှိ ဗုံးခွဲတိုက်ခိုက်မှုကိုတော့စုံစမ်းနေဆဲ ဖြစ်ပြီး ဘယ်သူ့တွေရဲ့လက်ချက်ဆိုတာ မသိရှိရသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)