
0
2155





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အာဖဂန်ဟိုတယ် ကို သေနတ်သမား ၅ ဦး ဝင်ရောက်တိုက်ခိုက် လူ ၃၀ ကျော်သေ

အာဖဂန်နစ္စတန်နိုင်ငံ ကဘူလ်းမြို့ရှိ Intercontinental ဟိုတယ်မှာ မနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့က သေနတ်သမားတွေနဲ့ အစိုးရတပ်ဖွဲ့ဝင်တွေကြား တိုက်ခိုက်မှု ဖြစ်ပွားခဲ့လို့ သေဆုံးသူ အနည်းဆုံး ၃၀ ကျော်ရှိခဲ့ပြီး နဲ့ ထိခိုက်ဒဏ်ရာရရှိသူ လည်း များပြားခဲ့ပါတယ်။

အဲ့ဒီသေနတ်သမားတွေဟာ အာဖဂန်စစ်တပ်ရဲ့ ယူနီဖောင်းတွေကို ဝတ်ဆင်ကာ ဟိုတယ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါ တယ်။

အဲ့ဒီဟိုတယ်ကို လာရောက်တည်းခိုတဲ့ ခရီးသွား ဧည့်သည် ၁၅၀ နီးပါး ရှိပြီး သေဆုံးခဲ့သူ တွေထဲမှာ ယူကရိန်း နိုင်ငံသား ၆ ဦးလည်း ပါဝင်သွားတယ်လို့ ယူကရိန်းနိုင့်ငံခြား ဝန်ကြီးဌာနက ထုတ်ပြန် ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ တိုက်ခိုက်ခဲ့ကြတဲ့ သေနတ်သမား ၅ ဦးလည်း အစိုးရစစ်တပ်ရဲ့ ၁၀ နာရီကြာ ပြန်လည် ပစ်ခတ်မှု အတွင်းမှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ တိုက်ခိုက်ခဲ့သူတွေဟာ တာလီဘန် တွေဖြစ်ကြပြီး ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်တုန်းကလည်း ဟိုတယ်ကို တိုက်ခိုက်တဲ့ အလားတူ ဖြစ်ရပ်မျိုးကို ပြုလုပ်ခဲ့ဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)