ဆစ္ဒနီမွာ ရထားမေတာ္တဆမႈျဖစ္ပြား ၁၆ ဦးဒဏ္ရာရ

0
2023

ၾသစေၾတးလ်ႏိုင္ငံ ဆစ္ဒနီျမိဳ႔အေနာက္ေျမာက္ပိုင္းမွာ ဒီကေန႔ ဇန္န၀ါရီလ ၂၂ ရက္ေန႔မနက္ခင္းမွာ မီးရထား မေတာ္တဆမႈ ျဖစ္ပြားခဲ့လုိ႔  အနည္းဆံုး ခရီးသည္ လူ ၁၆ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၾကပါတယ္။

လက္ရွိအခ်ိန္မွာေတာ့  မီးရထားေမာင္းသူနဲ႔ ၀န္ထမ္းေတြအပါအ၀င္ ထိခိုက္ဒဏ္ရာရရွိထားသူေတြကို ေဆးရံုကိုပို႔ေဆာင္ေပးထားၿပီး အဲ့ဒီအထဲက အသက္ ၂၁ ႏွစ္အရြယ္ လူငယ္တစ္ဦးရဲဲ့ ေျခေထာက္ကေတာ့ က်ိဳးသြားတဲ့အေနအထားမွာရွိေနပါတယ္။

ရထားဟာ Richmond ဘူတာရံုမွာ ရပ္တန္႔ဖို႔ၾကိဳးစားရင္း ရထားရပ္တန္႔ဖုိ႔တားဆီးထားတဲ့ေနရာကို  အရွိန္နဲ႔ ၀င္ေရာက္ တုိက္မိသြားခဲ့တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆစ်ဒနီမှာ ရထားမတော်တဆမှုဖြစ်ပွား ၁၆ ဦးဒဏ်ရာရ

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့အနောက်မြောက်ပိုင်းမှာ ဒီကနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့မနက်ခင်းမှာ မီးရထား မတော်တဆမှု ဖြစ်ပွားခဲ့လို့ အနည်းဆုံး ခရီးသည် လူ ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

လက်ရှိအချိန်မှာတော့ မီးရထားမောင်းသူနဲ့ ဝန်ထမ်းတွေအပါအဝင် ထိခိုက်ဒဏ်ရာရရှိထားသူတွေကို ဆေးရုံကိုပို့ဆောင်ပေးထားပြီး အဲ့ဒီအထဲက အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦးရဲ့ ခြေထောက်ကတော့ ကျိုးသွားတဲ့အနေအထားမှာရှိနေပါတယ်။

ရထားဟာ Richmond ဘူတာရုံမှာ ရပ်တန့်ဖို့ကြိုးစားရင်း ရထားရပ်တန့်ဖို့တားဆီးထားတဲ့နေရာကို အရှိန်နဲ့ ဝင်ရောက် တိုက်မိသွားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)