ဇင္ဘာေဘြ စစ္အာဏာသိမ္းမႈကို ၾကားဝင္ကူညီမႈ မရွိလို႔ တ႐ုတ္ တံု႔ျပန္

0
392

အာဖရိက – တ႐ုတ္ ဆက္ဆံေရးကို လမ္းေခ်ာ္မႈေတြ ျဖစ္ေစဖို႔နဲ႔ ဇင္ဘာေဘြနဲ႔ ဆက္ဆံေရး သစ္တည္ေထာင္ႏုိင္ဖို႔ ဇင္ဘာေဘြ သမၼတ ေရာဘတ္ မူဂါဘီ ျပဳတ္က်ေရး ၾကားဝင္စြက္ဖက္မႈေတြ ရွိခဲ့တယ္ဆုိတဲ့ သတင္းေတြကို တ႐ုတ္ႏုိင္ငံက ပယ္ခ်လိုက္ပါတယ္။  

ဇင္ဘာေဘြ စစ္ဘက္တာဝန္ရွိသူေတြဟာ ၿပီးခဲတဲ့ သီတင္းပတ္က တ႐ုတ္ႏုိင္ငံဆီ အလည္ပတ္သြားခဲ့ၿပီး  တ႐ုတ္ႏုိင္ငံဟာ ကာလအတန္ၾကာ မဟာမိတ္ျဖစ္ခဲ့တဲ့ သမၼတ မူဂါဘီကို ျဖဳတ္ခ်ဖို႔ က႑တခ်ိဳ႕မွာ ပါဝင္ခဲ့တယ္လို႔ စြပ္စြဲမႈေတြ ထြက္ေပၚေနပါတယ္။

 တ႐ုတ္ႏုိင္ငံဟာ ၿပီးခဲ့တဲ့ႏွစ္ေတြက  သမၼတ မူဂါဘီနဲ႔ ဆက္ဆံေရး ေအးစက္ခဲ့ၿပီး သမၼတ မူဂါဘီက ဇနီးျဖစ္သူကို သူ႔အ႐ိုက္အရာ ဆက္ခံခိုင္းဖုိ႔ ႀကိဳးပမ္းေနတာကို တ႐ုတ္က လက္ခံခဲ့ဘူးလို႔ သတင္းေတြကေဖာ္ျပပါတယ္။

တ႐ုတ္ႏုိင္ငံကေတာ့ ဇင္ဘာေဘြ ျပည္တြင္းေရးျပႆနာကို ၾကားဝင္စြက္ဖက္တာမ်ိဳး မရွိဘဲ ထင္ျမင္ခ်က္ေတြဟာ အဓိပၸာယ္မရွိဘူးလို႔ ေျပာထားပါတယ္။ ဇင္ဘာေဘြႏုိင္ငံရွိ တ႐ုတ္သံ႐ံုးက လူတခ်ိဳ႕ဟာ တ႐ုတ္ႏုိင္ငံကို ဇင္ဘာေဘြ ႏုိင္ငံေရး ျပႆနာမွာ ဆြဲထည့္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ တံု႔ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဇင်ဘာဘွေ စစ်အာဏာသိမ်းမှုကို ကြားဝင်ကူညီမှု မရှိလို့ တရုတ် တုံ့ပြန်

အာဖရိက – တရုတ် ဆက်ဆံရေးကို လမ်းချော်မှုတွေ ဖြစ်စေဖို့နဲ့ ဇင်ဘာဘွေနဲ့ ဆက်ဆံရေး သစ်တည်ထောင်နိုင်ဖို့ ဇင်ဘာဘွေ သမ္မတ ရောဘတ် မူဂါဘီ ပြုတ်ကျရေး ကြားဝင်စွက်ဖက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေကို တရုတ်နိုင်ငံက ပယ်ချလိုက်ပါတယ်။

ဇင်ဘာဘွေ စစ်ဘက်တာဝန်ရှိသူတွေဟာ ပြီးခဲတဲ့ သီတင်းပတ်က တရုတ်နိုင်ငံဆီ အလည်ပတ်သွားခဲ့ပြီး တရုတ်နိုင်ငံဟာ ကာလအတန်ကြာ မဟာမိတ်ဖြစ်ခဲ့တဲ့ သမ္မတ မူဂါဘီကို ဖြုတ်ချဖို့ ကဏ္ဍတချို့မှာ ပါဝင်ခဲ့တယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ်နေပါတယ်။ တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်တွေက သမ္မတ မူဂါဘီနဲ့ ဆက်ဆံရေး အေးစက်ခဲ့ပြီး သမ္မတ မူဂါဘီက ဇနီးဖြစ်သူကို သူ့အရိုက်အရာ ဆက်ခံခိုင်းဖို့ ကြိုးပမ်းနေတာကို တရုတ်က လက်ခံခဲ့ဘူးလို့ သတင်းတွေကဖော်ပြပါတယ်။

တရုတ်နိုင်ငံကတော့ ဇင်ဘာဘွေ ပြည်တွင်းရေးပြဿနာကို ကြားဝင်စွက်ဖက်တာမျိုး မရှိဘဲ ထင်မြင်ချက်တွေဟာ အဓိပ္ပာယ်မရှိဘူးလို့ ပြောထားပါတယ်။ ဇင်ဘာဘွေနိုင်ငံရှိ တရုတ်သံရုံးက လူတချို့ဟာ တရုတ်နိုင်ငံကို ဇင်ဘာဘွေ နိုင်ငံရေး ပြဿနာမှာ ဆွဲထည့်ဖို့ ကြိုးပမ်းနေတယ်လို့ တုံ့ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)