
0
466






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းအကျဉ်းထောင်ကနေ အူဂါ မွတ်စလင်တွေ ထောင်ဖောက် ပြေး

ထိုင်းနဲ့ မလေးရှားနိုင်ငံ နယ်စပ်နားရှိ ထိုင်းအကျဉ်းထောင်ကနေ အူဂါ မွတ်စလင် ၂၀ ဦး ထောင်ဖောက် ပြေးခဲ့ပါတယ်။

အူဂါမွတ်စလင် အကျဉ်းသားတွေဟာ ဆောင်ခလာဒေသက အကျဉ်းထောင်ရှိ ရေချိုးခန်းမှာ မြေအောက် လိုဏ်ခေါင်းတူးကာ ထွက်ပြေးခဲ့တာဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အူဂါ မွတ်စလင် အကျဉ်းသားတွေဟာ ထွက်ပြေးလွတ်မြောက်ဖို့ ဝါယာကြိုးတွေကို အသုံးပြုခဲ့တယ်လို့ ရဲမှူးကြီး ဆက်ဆန် ကီဆာဝမ်က ပြောပါတယ်။

အဲဒီ အူဂါမွတ်စလင်တွေဟာ တရုတ်နိုင်ငံမှာ ရှင်ကျန်းပြည်နယ်ကနေ ထိုင်းနိုင်ငံဆီ ထွက်ပြေးလာချိန်မှာ ဖမ်းဆီးခံရသူတွေဖြစ်ပြီး ထောင်ဖောက်ထွက်ပြေးခဲ့သူ ၂၅ ဦးရှိပေမယ့် ၅ ဦးကို ပြန်ဖမ်းခဲ့တယ်လို့ ထိုင်းရဲမှူးကြီးက ပြောပါတယ်။

ထောက်ဖောက်ထွက်ပြေးမှုမှာ အကျဉ်းထောင် အရာရှိတွေ ပါဝင်ပတ်သက်မှု ရှိ၊ မရှိဆိုတာကို လက်ရှိအချိန်မှာ အသေးစိတ် စုံစမ်းစစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)