ဆီးရီးယားရွိ ႐ုရွားသံ႐ံုး တုိက္ခိုက္ခံရ

0
389

ဆီးရီးယားႏုိင္ငံ  ဒမတ္စကတ္ၿမိဳ႕ရွိ ႐ုရွား သံ႐ံုးကို အစြန္းေရာက္အဖြဲ႔ေတြက ပစ္ခတ္တိုက္ခိုက္ခဲ့လို႔  သံ႐ံုးနားက ပစၥည္း၊ အေဆာက္အဦး အခ်ိဳ႕ပ်က္စီးခဲ့ပါတယ္။  

သံရံုးနံရံ၊ လွ်ပ္စစ္ဓါတ္အားလိုင္းတို႔ ပ်က္စီးခဲ့ၿပီး အစြန္းေရာက္အဖြဲ႔ေတြက ေမာ္တာနဲ႔ ပစ္ခတ္တုိက္ခုိက္ခဲ့တာ ျဖစ္ပါတယ္။ ပစ္ခတ္တုိက္ခိုက္မႈေၾကာင့္ သံရံုးဝန္ထမ္းေတြ ထိခိုက္ဒဏ္ရာရတာ မရွိခဲ့ပါဘူး။

႐ုရွားႏုိင္ငံဟာ ၿပီးခဲတဲ့ ရက္ပိုင္းက ကုလသမဂၢ လံုၿခံဳေရးေကာင္စီမွာ ဓာတုလက္နက္နဲ႔ တုိက္ခိုက္မႈေတြ စံုစမ္းစစ္ေဆးမယ့္အဖြဲ႔ကို သက္တမ္းတုိးေရးနဲ႔ ပတ္သက္လို႔ ဗီတိုအာဏာသံုး ပယ္ခ်ခဲ့ၿပီးေနာက္ အခုလို သံရံုး တုိက္ခိုက္ခံရတာျဖစ္ပါတယ္။

႐ုရွားအစိုးရတပ္ဖြဲ႔ေတြဟာ ဆီးရီးယားျပည္တြင္း စစ္အတြင္း သမၼတ အာဆတ္ဘက္ေန တုိက္ခုိက္ေပးခဲ့ပါတယ္။ သံရံုးတုိက္ခိုက္ခံမႈနဲ႔ ပတ္သက္လို႔ သံရံုးမွာ ေနထုိင္သူေတြအတြက္ အႏၱရာယ္ႀကီးလာတယ္လို႔ ႐ုရွားႏုိင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။ သံရံုးကို ပစ္ခတ္တိုက္ခိုက္တာဟာ  ဆီးရီးယားမွာ ၿငိမ္းခ်မ္းေရးျဖစ္ေစဖို႔ အၾကမ္းဖက္သမားေတြကို တိုက္ခိုက္ေနတဲ့ ႐ုရွားရဲ႕ တုိက္ခိုက္မႈေတြကို သက္ေရာက္မႈရွိမွာ မဟုတ္ဘူးလို႔ ႐ုရွားအစိုးရအဖြဲ႔ေျပာဆုိခြင့္ရွိသူက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆီးရီးယားရှိ ရုရှားသံရုံး တိုက်ခိုက်ခံရ

ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့ရှိ ရုရှား သံရုံးကို အစွန်းရောက်အဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့လို့ သံရုံးနားက ပစ္စည်း၊ အဆောက်အဦး အချို့ပျက်စီးခဲ့ပါတယ်။

သံရုံးနံရံ၊ လျှပ်စစ်ဓါတ်အားလိုင်းတို့ ပျက်စီးခဲ့ပြီး အစွန်းရောက်အဖွဲ့တွေက မော်တာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သံရုံးဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။

ရုရှားနိုင်ငံဟာ ပြီးခဲတဲ့ ရက်ပိုင်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုတွေ စုံစမ်းစစ်ဆေးမယ့်အဖွဲ့ကို သက်တမ်းတိုးရေးနဲ့ ပတ်သက်လို့ ဗီတိုအာဏာသုံး ပယ်ချခဲ့ပြီးနောက် အခုလို သံရုံး တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

ရုရှားအစိုးရတပ်ဖွဲ့တွေဟာ ဆီးရီးယားပြည်တွင်း စစ်အတွင်း သမ္မတ အာဆတ်ဘက်နေ တိုက်ခိုက်ပေးခဲ့ပါတယ်။ သံရုံးတိုက်ခိုက်ခံမှုနဲ့ ပတ်သက်လို့ သံရုံးမှာ နေထိုင်သူတွေအတွက် အန္တရာယ်ကြီးလာတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ သံရုံးကို ပစ်ခတ်တိုက်ခိုက်တာဟာ ဆီးရီးယားမှာ ငြိမ်းချမ်းရေးဖြစ်စေဖို့ အကြမ်းဖက်သမားတွေကို တိုက်ခိုက်နေတဲ့ ရုရှားရဲ့ တိုက်ခိုက်မှုတွေကို သက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့ ရုရှားအစိုးရအဖွဲ့ပြောဆိုခွင့်ရှိသူက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)