အတိုက္ခံပါတီ ဖ်က္သိမ္းတဲ့ ကေမာၻဒီးယားအစိုးရ လုပ္ရပ္ကို တ႐ုတ္ေထာက္ခံ

0
359

ကေမာၻဒီးယား အစိုးရနဲ႔ အေမရိကန္ အစိုးရၾကား တင္းမာမႈေတြ ရွိေနခ်ိန္မွာပဲ တ႐ုတ္အစိုးရက ႏိုင္ငံေရးတည္ၿငိမ္ဖို႔ လုပ္ေဆာင္တဲ့ ကေမာၻဒီးယားအစိုးရရဲ႕ လုပ္ရပ္ေတြကို ေထာက္ခံၿပီး လာမယ့္ ႏွစ္မွာ ေရြးေကာက္ပြဲကို ေအာင္ျမင္စြာ က်င္းပႏုိင္မယ္လို႔ ေျပာလိုက္ပါတယ္။  

တ႐ုတ္ ႏုိင္ငံျခားေရးဝန္ႀကီး ဝမ္ယိက ကေမာၻဒီးယား ႏုိင္ငံျခားေရးဝန္ႀကီးနဲ႔ ေတြဆံုေဆြးေႏြးၿပီးေနာက္ အခုလို ေျပာခဲ့တာပါ။ ကေမာၻဒီးယား တရား႐ံုးခ်ဳပ္ဟာ အဓိက အတိုက္ခံပါတီျဖစ္တဲ့ ကေမာၻဒီယား အမ်ိဳးသားကယ္ဆယ္ေရး ပါတီ (CNRP) ကို ဖ်က္သိမ္းဖို႔ ဆံုးျဖတ္လိုက္တာေၾကာင့္ အေမရိကန္က ေရြးေကာက္ပြဲအတြက္ ေထာက္ပံ့မယ့္ ေငြေၾကးကို ေလွ်ာ့ခ်မယ့္အျပင္ တျခား အေရးယူေဆာင္ရြက္မႈေတြ လုပ္မယ္လို႔ ၿခိမ္းေျခာက္ခဲ့ပါတယ္။   

ကေမာၻဒီးယား အတုိက္ခံပါတီ ေခါင္းေဆာင္ကိုလည္း ဖမ္းဆီးထားတဲ့အတြက္ ေရြးေကာက္ပြဲဟာ တရားမွ်တမူရွိမွာ မဟုတ္ဘူးလို႔ အေမရိကန္က ေျပာပါတယ္။ ဒါေပမယ့္ တ႐ုတ္ႏုိင္ငံကေတာ့   စီးပြားေရးဖြံ႔ၿဖိဳးဖုိ႔နဲ႔ ႏုိင္ငံေရးတည္ၿငိမ္မႈေတြအတြက္ ကေမာၻဒီးယားအစိုးရ လုပ္ေဆာင္ခ်က္ကို ေထာက္ခံၿပီး ကေမာၻဒီးယား အစိုးရဟာ ႏုိင္ငံျခား စိန္ေခၚမူေတြနဲ႔ ျပည္တြင္း စိန္ေခၚမႈေတြကို ေအာင္ျမင္စြာ ေက်ာ္ျဖတ္ႏုိင္မယ္လို႔ တ႐ုတ္ႏုိင္ငံျခားေရးဝန္ႀကီးက ေျပာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အတိုက်ခံပါတီ ဖျက်သိမ်းတဲ့ ကမ္ဘောဒီးယားအစိုးရ လုပ်ရပ်ကို တရုတ်ထောက်ခံ

ကမ္ဘောဒီးယား အစိုးရနဲ့ အမေရိကန် အစိုးရကြား တင်းမာမှုတွေ ရှိနေချိန်မှာပဲ တရုတ်အစိုးရက နိုင်ငံရေးတည်ငြိမ်ဖို့ လုပ်ဆောင်တဲ့ ကမ္ဘောဒီးယားအစိုးရရဲ့ လုပ်ရပ်တွေကို ထောက်ခံပြီး လာမယ့် နှစ်မှာ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်မယ်လို့ ပြောလိုက်ပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေဆုံဆွေးနွေးပြီးနောက် အခုလို ပြောခဲ့တာပါ။ ကမ္ဘောဒီးယား တရားရုံးချုပ်ဟာ အဓိက အတိုက်ခံပါတီဖြစ်တဲ့ ကမ္ဘောဒီယား အမျိုးသားကယ်ဆယ်ရေး ပါတီ (CNRP) ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တာကြောင့် အမေရိကန်က ရွေးကောက်ပွဲအတွက် ထောက်ပံ့မယ့် ငွေကြေးကို လျှော့ချမယ့်အပြင် တခြား အရေးယူဆောင်ရွက်မှုတွေ လုပ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ကမ္ဘောဒီးယား အတိုက်ခံပါတီ ခေါင်းဆောင်ကိုလည်း ဖမ်းဆီးထားတဲ့အတွက် ရွေးကောက်ပွဲဟာ တရားမျှတမူရှိမှာ မဟုတ်ဘူးလို့ အမေရိကန်က ပြောပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံကတော့ စီးပွားရေးဖွံ့ဖြိုးဖို့နဲ့ နိုင်ငံရေးတည်ငြိမ်မှုတွေအတွက် ကမ္ဘောဒီးယားအစိုးရ လုပ်ဆောင်ချက်ကို ထောက်ခံပြီး ကမ္ဘောဒီးယား အစိုးရဟာ နိုင်ငံခြား စိန်ခေါ်မူတွေနဲ့ ပြည်တွင်း စိန်ခေါ်မှုတွေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)