
0
409




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိန္ဒိယရဲ့ အစာရေစာ ငတ်မွတ်မှု မြန်မာနဲ့ မြောက်ကိုရီးယားထက် ဆိုးရွား

အိန္ဒိယနိုင်ငံရဲ့ အစာရေစာ ငတ်မွတ်ခေါင်းပါးမှုဟာ မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယား နိုင်ငံထက် ဆိုးရွားနေပြီး ၁၁၉ နိုင်ငံအနက် အဆင့် ၁၀ဝ ရှိနေတယ်လို့ နိုင်ငံတကာ စားနပ်ရိက္ခာ မူဝါဒ သုတေသန အင်စတီကျု (IFPRI) ထုတ်ပြန်တဲ့ ၂၀၁၇ ကမ္ဘာ့ ငွတ်မွတ်မှု အညွှန်းမှာ ဖော်ပြထားပါတယ်။

အမေရိကန် ဝါရှင်တန် အခြေစိုက် IFPRI ရဲ့ ထုတ်ပြန်ချက်မှာ အိန္ဒိယရဲ့ အဟာရချို့တဲ့မှုဟာ မြန်မာနဲ့ မြောက်ကိုရီးယားထက် ပိုဆိုးတယ်လို့ ဖော်ပြပါတယ်။ မနှစ်တုန်းက အိန္ဒိယနိုင်ငံဟာ ၁၁၈ နိုင်ငံမှာ အဆင့် ၉၇ ရှိခဲ့ပါတယ်။

အစီရင်ခံစာဟာ အာဟာရဓာတ် လျော့နည်းမှု၊ ကလေးသူငယ် သေဆုံးမှုနှုန်း၊ ကိုယ်ဝန်ပျက်ကျမှုနှုန်းနဲ့ ကလေးသူငယ် မဖွံ့ထွားဘဲ ပုညက်သေးကွေးမှုနှုန်း ဆိုတဲ့ အချက်လေးချက်အပေါ် မူတည်ပြီး လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)