
0
411




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အပျိုစင်ဘဝကို ယူရို ၂ ဒသမ ၅ သန်းနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ မော်ဒယ်

အမေရိကန်မှာ နေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် မော်ဒယ်ဖြစ်သူ ဂီဆယ်လီဟာ သူ့ရဲ့ အပျိုစင်ဘဝကို ရောင်းချဖို့ အွန်လိုင်းက လေလံတင်ခဲ့ရာ ယူရို ၂ ဒသမ ၅ သန်းနဲ့ လေလံအောင်မြင်ခဲ့ပါတယ်။

သူ့ရဲ့ အပျိုစင်ဘဝကို ယူရို ၂ ဒသမ ၅ သန်းနဲ့ ရောင်းချဖို့ Cinderella Escorts က တဆင့် ကြေညာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ကျောင်းတက်ဖို့နဲ့ ခရီးထွက်ဖို့ ငွေကြေးလိုအပ်တာကြောင့် အပျိုစင်ဘဝကို ရောင်းချဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ အပျိုစင်ဘဝကို အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အဘူဒါဘီက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အပျိုစင်ဟုတ်၊ မဟုတ်ဆိုတဲ့ အချက်ကို စမ်းသပ်ကာ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

ဂီဆယ်လီက သူ့ရဲ့အပျိုစင်ဘဝကို ရောင်းချဖို့ သတ်မှတ်ထားတဲ့ဈေးဟာ များလွန်းပေမယ့် အိမ်မက်တွေ အမှန်တကယ် ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ အခုနှစ် အစောပိုင်းကလည်း ရုရှားမော်ဒယ်တစ်ဦးဟာ သူ့ရဲ့ အပျိုစင်ဘဝကို ပေါင် ၂ သန်းနဲ့ ဟောင်ကောင်စီးပွားရေး လုပ်ငန်းရှင်ဆီ ရောင်းချခဲ့ဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)