မူးယစ္ေဆးဝါး ႏွိမ္နင္းေရးကို အေမရိကန္ တားႏိုင္မွာ မဟုတ္ဘူးလို႔ သမၼတ ဒူတာေတးေျပာ

0
493

ဖိလစ္ပိုင္ သမၼတ ႐ိုဒရီဂို ဒူတာေတးက  သူရဲ႕ မူးယစ္ေဆးဝါးႏွိမ္နင္းမႈ လုပ္ငန္းကုိ ဘယ္သူမွ တားဆီးႏုိင္မွာ မဟုတ္ဘဲ အေမရိကန္ သမၼတာ ေဒၚနယ္ ထရမ့္ေတာင္ တားဆီးႏုိင္မွာ မဟုတ္ဘူးလို႔ ေျပာလုိက္ပါတယ္။

လူ႔အခြင့္အေရး တက္ႂကြလႈပ္ရွားသူေတြက အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ဟာ မူးယစ္ေဆးဝါး ႏွိမ္နင္းမႈ လုပ္ရပ္ေတြကို တားဆီးႏုိင္မယ္လုိ႔ ယံုၾကည္ေနေပမယ့္ ေဒၚနယ္ထရမ့္လည္း တားဆီးႏုိင္မွာ မဟုတ္ဘူးလို႔ ဖိလစ္ပိုင္သမၼတက ေျပာတာ ျဖစ္ပါတယ္။ ဖိလစ္ပုိင္သမၼတ ဒူတာေတးက ႏုိင္ငံတြင္း မူးယစ္ ေဆးဝါးျပႆနာ ပိုမိုဆိုုးရြားလာပါက ႏွိမ္နင္းေရး လုပ္ငန္းေတြအတြက္ ရဲတပ္ဖြဲ႔ကို ျပန္လည္ တာဝန္ေပးႏိုင္တယ္လို႔ ေျပာလိုက္ပါတယ္။

ၿပီးခဲတဲ့ သီတင္းပတ္ အနည္းငယ္က မူးယစ္ေဆးဝါး ႏွိမ္နင္းေရးလုပ္ငန္းကေန ဖိလစ္ပုိင္ အမ်ိဳးသားရဲတပ္ဖြဲ႕ (PNP) ကုိ ဖယ္ရွားဖို႔ ဖိလစ္ပိုင္ သမၼတက ေျပာခဲ့ပါတယ္။

၁၅ လအတြင္း ရဲတပ္ဖြဲ႔က ဦးေဆာင္တဲ့ မူးယစ္ေဆးဝါး ႏွိမ္နင္းေရးမွာ လူ ၃၉၀၀ ေသဆံုးခဲ့လို႔ ဒူတာေတးဟာ ႏုိင္ငံတကာရဲ႕ ျပစ္တင္ ေဝဖန္မႈေတြ ရင္ဆုိင္ခဲ့ရၿပီး  မူးယစ္ေဆးဝါးႏွိမ္နင္းမႈ လုပ္ငန္းစဥ္ အားလံုးကို ဖိလစ္ပုိင္ မူးယစ္ေဆးဝါး ႏွိမ္နင္းေရးအဖြဲ႕ (PDEA) ထံ တာဝန္လႊဲထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မူးယစ်ဆေးဝါး နှိမ်နင်းရေးကို အမေရိကန် တားနိုင်မှာ မဟုတ်ဘူးလို့ သမ္မတ ဒူတာတေးပြော

ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက သူရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းမှု လုပ်ငန်းကို ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ဘဲ အမေရိကန် သမ္မတာ ဒေါ်နယ် ထရမ့်တောင် တားဆီးနိုင်မှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ မူးယစ်ဆေးဝါး နှိမ်နင်းမှု လုပ်ရပ်တွေကို တားဆီးနိုင်မယ်လို့ ယုံကြည်နေပေမယ့် ဒေါ်နယ်ထရမ့်လည်း တားဆီးနိုင်မှာ မဟုတ်ဘူးလို့ ဖိလစ်ပိုင်သမ္မတက ပြောတာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက နိုင်ငံတွင်း မူးယစ် ဆေးဝါးပြဿနာ ပိုမိုဆိုးရွားလာပါက နှိမ်နင်းရေး လုပ်ငန်းတွေအတွက် ရဲတပ်ဖွဲ့ကို ပြန်လည် တာဝန်ပေးနိုင်တယ်လို့ ပြောလိုက်ပါတယ်။

ပြီးခဲတဲ့ သီတင်းပတ် အနည်းငယ်က မူးယစ်ဆေးဝါး နှိမ်နင်းရေးလုပ်ငန်းကနေ ဖိလစ်ပိုင် အမျိုးသားရဲတပ်ဖွဲ့ (PNP) ကို ဖယ်ရှားဖို့ ဖိလစ်ပိုင် သမ္မတက ပြောခဲ့ပါတယ်။

၁၅ လအတွင်း ရဲတပ်ဖွဲ့က ဦးဆောင်တဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးမှာ လူ ၃၉၀ဝ သေဆုံးခဲ့လို့ ဒူတာတေးဟာ နိုင်ငံတကာရဲ့ ပြစ်တင် ဝေဖန်မှုတွေ ရင်ဆိုင်ခဲ့ရပြီး မူးယစ်ဆေးဝါးနှိမ်နင်းမှု လုပ်ငန်းစဉ် အားလုံးကို ဖိလစ်ပိုင် မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့ (PDEA) ထံ တာဝန်လွှဲထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)