
0
338




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ချာလီ ရို့စ်ရဲ့ Talk Show အစီအစဉ်ကို ရုပ်သံလိုင်းတွေ ဆိုင်းငံ့

အမေရိကန် Talk Show အစီစဉ်တွေ တင်ဆက်သူ တစ်ဦးဖြစ်တဲ့ ချာလီ ရို့စ်ရဲ့ အစီအစဉ်တွေကို အမေရိကန် ရုပ်သံလိုင်းကွန်ရက်က အများပြားက ပြသဖို့ ဆိုင်းငံ့လိုက်ပါတယ်။

ချာလီ ရို့စ်ဟာ အမျိုးသမီးသမီးတွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက် ရုပ်သံလိုင်းတွေက သူရဲ့ အစီအစဉ်ကို ဆိုင်းငံ့လိုက်တာပါ၊ အမျိုးသမီး ၈ ဦးက ချာလီ ရို့စ်ဟာ သူတို့အပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ လုပ်ဆောင်ဆက်ဆံခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ချာလီ ရို့စ်ကတော့ စွပ်စွဲမှုတွေဟာ မှန်ကန်မှု မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။ အမျိုးသမီးတွေက ချာလီ ရို့စ်ဟာ သူတို့အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေလုပ်ဖို့ အကဲစမ်းခဲ့တဲ့ကြောင်း၊ သူတို့ရှေ့မှာ ကိုယ်လုံးတီး လမ်းလျှောက်တာမျိုးတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)