ေျမာက္ကိုရီးယားကို အၾကမ္းဖက္လုပ္ရပ္ေတြအတြက္ ေထာက္ပံ့ေပးတဲ့ ႏိုင္ငံအျဖစ္ အေမရိကန္ သတ္မွတ္

0
431

အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္က  ေျမာက္ကိုရီးယားႏုိင္ငံကို အၾကမ္းဖက္ေတြအား ကူညီေထာက္ပံ့ေပးတဲ့ ႏုိင္ငံစာရင္းထဲမွာ ထည့္သြင္းလုိက္ပါတယ္။

အေမရိကန္ဟာ ေျမာက္ကိုရီးယားကို အၾကမ္းဖက္ အဖြဲ႔ေတြအတြက္ အေထာက္အပံ့ျပဳတဲ့  ႏိုင္ငံေတြ စာရင္းကေန ပယ္ဖ်က္ခဲ့ၿပီးေနာက္ ၉ ႏွစ္အၾကာမွာ စာရင္းထဲ ျပန္ထည့္သြင္းခဲ့တာ ျဖစ္ပါတယ္။

ေျမာက္ကိုရီးယား ႏုိင္ငံရဲ႕ ႏ်ဴကလီယား အစီစဥ္နဲ႔ ပတ္သက္ၿပီး အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ဟာ ျပင္းထန္တဲ့ ေဝဖန္မႈေတြ လုပ္ခဲ့ဖူးၿပီး ႏုိင္ငံတကာ အၾကမ္းဖက္ လုပ္ရပ္ေတြ အတြက္ ေထာက္ပံ့ေပးေနတယ္လို႔ စြပ္စြဲခဲ့ဖူးပါတယ္။

ႏုိင္ငံတကာ အၾကမ္းဖက္ လုပ္ရပ္ေတြနဲ႔ ပတ္သက္လို႔ အေမရိကန္က အမည္ပ်က္စာရင္း သြင္းထားတဲ့ ႏိုင္ငံေတြထဲမွာ ေျမာက္ကိုရီးယားအျပင္  အီရန္၊ ဆူဒန္နဲ႔ ဆီးရီးယားတုိ႔လည္း ပါဝင္ေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားကို အကြမ်းဖက်လုပ်ရပ်တွေအတွက် ထောက်ပံ့ပေးတဲ့ နိုင်ငံအဖြစ် အမေရိကန် သတ်မှတ်

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က မြောက်ကိုရီးယားနိုင်ငံကို အကြမ်းဖက်တွေအား ကူညီထောက်ပံ့ပေးတဲ့ နိုင်ငံစာရင်းထဲမှာ ထည့်သွင်းလိုက်ပါတယ်။

အမေရိကန်ဟာ မြောက်ကိုရီးယားကို အကြမ်းဖက် အဖွဲ့တွေအတွက် အထောက်အပံ့ပြုတဲ့ နိုင်ငံတွေ စာရင်းကနေ ပယ်ဖျက်ခဲ့ပြီးနောက် ၉ နှစ်အကြာမှာ စာရင်းထဲ ပြန်ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယား နိုင်ငံရဲ့ နျူကလီယား အစီစဉ်နဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပြင်းထန်တဲ့ ဝေဖန်မှုတွေ လုပ်ခဲ့ဖူးပြီး နိုင်ငံတကာ အကြမ်းဖက် လုပ်ရပ်တွေ အတွက် ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲခဲ့ဖူးပါတယ်။

နိုင်ငံတကာ အကြမ်းဖက် လုပ်ရပ်တွေနဲ့ ပတ်သက်လို့ အမေရိကန်က အမည်ပျက်စာရင်း သွင်းထားတဲ့ နိုင်ငံတွေထဲမှာ မြောက်ကိုရီးယားအပြင် အီရန်၊ ဆူဒန်နဲ့ ဆီးရီးယားတို့လည်း ပါဝင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)