
0
478




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဝက်စ်ဘရွန်းအသင်း နည်းပြ တိုနီပူလစ်ကို ရာထူးက ထုတ်ပယ်

ပရီးမီယားလိဂ် ကလပ် ဝက်စ်ဘရွန်းဟာ မျှော်လင့်သလောက် ရလဒ်တွေ မကောင်းတာကြောင့် နည်းပြ တိုနီပူလစ်ကို ရာထူးက ထုတ်ပယ်လိုက်ပါတယ်။

ဝက်စ်ဘရွန်း အသင်းဟာ အမှတ်ပေးပြိုင်ပွဲ ၁၀ ပွဲမှာ နိုင်ပွဲမရခဲ့ဘဲ တန်းဆင်းဇုန်အတွင်း ကျရောက်နေတာကြောင့် နည်းပြပူလစ်ကို ရာထူးက ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြပူလစ်ဟာ ရာထူးက ထုတ်ပယ်ခံရပေမယ့် ဝက်စ်ဘရွန်း အသင်းကို တာဝန်ယူခွင့်ရလို ဂုဏ်ယူပြီး အသင်းဟာ အမှတ်ပေးဇယားမှာ အဆင့်ကောင်းမွန်မှုတွေ ရှိလာမယ်လို့ ခန့်မှန်းပြောဆိုခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဝက်စ်ဘရွန်း နည်းပြဟောင်း ဂရေးမက်ဂ်ဆွန်ဟာ အသင်းနည်းပြအဖြစ် ယာယီ တာဝန်ယူထားပါတယ်။ နည်းပြရာထူးက ထုတ်ပယ်ခံလိုက်ရတဲ့ တိုနီပူလစ်ကို ဝေးလ် လက်ရွေးစင်အသင်းက နည်းပြ ခရစ်ကိုလ်မန်း နေရာမှာ အစားထိုးနိုင်ဖို့ ချိတ်ဆက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)