အသင္းမွာေနဖို႔ ေရြးခ်ယ္ခဲ့တာကို ေနာင္တ မရဘူးလို႔ တုိက္စစ္မွဴး ဂရက္ဇ္မန္းေျပာ

0
408

စပိန္ အက္သလက္တီကို မက္ဒရစ္အသင္း အဓိက တုိက္စစ္မွဴး ဂရက္ဇ္မန္းက လက္ရွိရာသီမွာ ေျခစြမ္းျပဖုိ႔ ႐ုန္းကန္ေနရေပမယ့္ အသင္းမွာ ေပ်ာ္ရြင္ေနေၾကာင္း၊ အသင္းမွာ ဆက္ေနဖို႔ ဆံုးျဖတ္ခဲ့မႈအေပၚ ေနာင္တ မရေၾကာင္း ထုတ္ေဖာ္ေျပာဆုိလိုက္ပါတယ္။  

တုိက္စစ္မွဴး ဂရက္ဇ္မန္းဟာ ၿပီးခဲတဲ့ အေျပာင္းအေရႊ႕ ကာလအတြင္းမွာ မန္ယူအသင္းက ေခၚယူဖု႔ိ ခ်ိတ္ဆက္ခံရေပမယ့္ အသင္းမွာ ဆက္ေနဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။ ဂရက္ဇ္မန္းဟာ လက္ရွိရာသီမွာ အသင္းအတြက္ ၿပိဳင္ပြဲအရပ္ရပ္မွာ  ပြဲေပါင္း ၁၄ ပြဲ ပါဝင္ကစားခဲ့ေပမယ့္ ၃ ဂိုးသာ သြငး္ယူႏုိင္ထားၿပီး အသင္းမွာ ေနဖို႔ ဆံုးျဖတ္ခဲ့မႈအေပၚ ေနာင္တမရဘူးလို႔ ေျပာခဲ့ပါတယ္။  

ဂရက္ဇ္မန္းက သူ႔အေနနဲ႔  ၇ ပြဲဆက္တုိက္ ဂိုးမသြင္းႏုိင္ဘူး ဆုိရင္ေတာင္ ေရြးခ်ယ္ခဲ့မႈကို ေနာင္တရမွာမဟုတ္ဘဲ မၾကာမီမွာ အသင္းအတြက္ဂိုးေတြ ျပန္သြင္းယူႏုိင္မယ္လို႔ ေျပာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အသင်းမှာနေဖို့ ရွေးချယ်ခဲ့တာကို နောင်တ မရဘူးလို့ တိုက်စစ်မှူး ဂရက်ဇ်မန်းပြော

စပိန် အက်သလက်တီကို မက်ဒရစ်အသင်း အဓိက တိုက်စစ်မှူး ဂရက်ဇ်မန်းက လက်ရှိရာသီမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပေမယ့် အသင်းမှာ ပျော်ရွင်နေကြောင်း၊ အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့မှုအပေါ် နောင်တ မရကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တိုက်စစ်မှူး ဂရက်ဇ်မန်းဟာ ပြီးခဲတဲ့ အပြောင်းအရွှေ့ ကာလအတွင်းမှာ မန်ယူအသင်းက ခေါ်ယူဖို့ ချိတ်ဆက်ခံရပေမယ့် အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဂရက်ဇ်မန်းဟာ လက်ရှိရာသီမှာ အသင်းအတွက် ပြိုင်ပွဲအရပ်ရပ်မှာ ပွဲပေါင်း ၁၄ ပွဲ ပါဝင်ကစားခဲ့ပေမယ့် ၃ ဂိုးသာ သွငး်ယူနိုင်ထားပြီး အသင်းမှာ နေဖို့ ဆုံးဖြတ်ခဲ့မှုအပေါ် နောင်တမရဘူးလို့ ပြောခဲ့ပါတယ်။

ဂရက်ဇ်မန်းက သူ့အနေနဲ့ ၇ ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ဘူး ဆိုရင်တောင် ရွေးချယ်ခဲ့မှုကို နောင်တရမှာမဟုတ်ဘဲ မကြာမီမှာ အသင်းအတွက်ဂိုးတွေ ပြန်သွင်းယူနိုင်မယ်လို့ ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)