
0
427




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန် အထက်လွှတ်တော် အမတ် ရခိုင်ပြည်နယ် မြေပြင်အခြေအနေ လေ့လာ

အမေရိကန် အထက်လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ အဖွဲ့ဝင် ဂျက်ဖ် မာ့ခ်ကလေ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကောက် မာစီယယ်နဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်း မြေပြင်ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို လာရောက် လေ့လာနေပါတယ်။

မနေ့က နိုဝင်ဘာ ၂၀ ရက်နေ့ စစ်တွေမြို့မှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ တွေ့ဆုံဆွေးနွေးစဉ် ရခိုင်ပြည်အတွင်း မြေပြင်ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အမေရိကန် ပြည်ထောင်စုက ဘယ်နေရာက ပါဝင်ကူညီပေးရမယ်ဆိုတာ သိလိုတဲ့အတွက် လာရောက်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန် အထက်လွှတ်တော် ကိုယ်စားလှယ်နဲ့ အဖွဲ့တို့ဟာ ရခိုင်ပြည်နယ်မှာ ကျန်းမာရေး၊ ပညာရေး၊ လွတ်လပ်စွာ သွားလာရေးနဲ့ နိုင်ငံသားစိစစ်ခံရမယ့်သူရဲ့ သက်သေခံကတ်ပြား (NVC) ထုတ်ပေးနေမှုတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)