အစြန္းေရာက္အဖြဲ႔ရဲ႕တိုက္ခိုက္မႈေၾကာင့္ အီဂ်စ္လံုျခံဳေရးအဖြဲ႔ဝင္ ၅၀ေက်ာ္ ဦးေသဆံုး

0
382

အီဂ်စ္ႏိုင္ငံ  အေနာက္ပိုင္းမွာ  စစ္ေသြးၾကြလုိ႔ သံသယရွိခံရသူေတြ ပုန္းေနတဲ့ေနရာကို အစိုးရတပ္ဖြဲ႔ေတြ စီးနင္းတုိက္ခိုက္ခ်ိန္မွာ   အီဂ်စ္ရဲတပ္ဖြဲ႔ဝင္ ၅၀ ဦးထက္မနည္း ေသဆံုးသြားခဲ့တယ္လို႔ အီဂ်စ္လံုျခံဳေရးအဖြဲ႔ေတြကေျပာပါတယ္။

လံုျခံဳေရးတပ္ဖြဲ႔ေတြနဲ႔ စစ္ေသြးၾကြေတြၾကားအျပန္လွန္တုိက္ခိုက္မႈျဖစ္ခဲ့ၿပီး  ေနာက္ အီဂ်စ္လံုျခံဳေရးရဲတပ္ဖြဲ႔ဝင္ေတြ ေသဆံုးသြားခဲ့တာျဖစ္ပါတယ္။

အီဂ်စ္ႏုိင္ငံ  ဟာ အစၥလာမ္မစ္ စစ္ေသြးၾကြအဖြဲ႔ေတြရဲ႕ တုိက္ခိုက္မႈေတြကို ရင္ဆုိင္ေနရၿပီး ဆုိင္ႏိုင္းကၽြန္းဆြယ္က စစ္ေသြးၾကြေတြ ဟာ ၂၀၁၃ ခုႏွစ္ေနာက္ပိုင္းတည္းကအီဂ်စ္လံုျခံဳေရးရဲတပ္ဖြဲ႔ဝင္ ရာခ်ီကို သတ္ျဖတ္ခဲ့ပါတယ္။

အစၥလာမ္အစြန္းေရာက္ေတြ ဟာ  ၿမိဳ႕ေတာ္ ကိုင္ရိုအျပင္ အျခားၿမိဳ႕ေတြမွာ ခရစ္ယာန္ဘုရားေက်ာင္းေတြကို ပစ္မွတ္ထားတုိက္ခိုက္မႈေတြလုပ္ခဲ့ပါတယ္ ၊  အီဂ်စ္ လံုုျခံဳေရးတပ္ဖြဲ႔ေတြ ဟာ မြတ္စလင္ညီေနာင္ေတြအဖြဲ႔  လက္ေအာက္ ခံအဖြဲ႔ျဖစ္တဲ့ Hasm အဖြဲ႔နဲ႔တုိက္ခိုက္ခဲ့တာျဖစ္ပါတယ္။

ဆုိင္ႏိုင္းကၽြန္းဆြယ္က စစ္ေသြးၾကြေတြ ဟာ  ဝန္ႀကီး ယာဥ္တန္းနဲ႔   ၿပီးခဲ့တဲ့သီတင္းပတ္က ပစ္မွတ္ထားကာလမ္းေဘးဗံုးေထာင္ကာ တုိက္ခိုက္ခဲ့ဖူးပါတယ္။

အခု တုိက္ခုိက္မႈအတြင္း ေသဆံုးသူဦးေရ ဆက္လက္ျမင့္တက္လာဖြယ္ရွိေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အစွန်းရောက်အဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့် အီဂျစ်လုံခြုံရေးအဖွဲ့ဝင် ၅၀ကျော် ဦးသေဆုံး

အီဂျစ်နိုင်ငံ အနောက်ပိုင်းမှာ စစ်သွေးကြွလို့ သံသယရှိခံရသူတွေ ပုန်းနေတဲ့နေရာကို အစိုးရတပ်ဖွဲ့တွေ စီးနင်းတိုက်ခိုက်ချိန်မှာ အီဂျစ်ရဲတပ်ဖွဲ့ဝင် ၅၀ ဦးထက်မနည်း သေဆုံးသွားခဲ့တယ်လို့ အီဂျစ်လုံခြုံရေးအဖွဲ့တွေကပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေနဲ့ စစ်သွေးကြွတွေကြားအပြန်လှန်တိုက်ခိုက်မှုဖြစ်ခဲ့ပြီး နောက် အီဂျစ်လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

အီဂျစ်နိုင်ငံ ဟာ အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရပြီး ဆိုင်နိုင်းကျွန်းဆွယ်က စစ်သွေးကြွတွေ ဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်းတည်းကအီဂျစ်လုံခြုံရေးရဲတပ်ဖွဲ့ဝင် ရာချီကို သတ်ဖြတ်ခဲ့ပါတယ်။

အစ္စလာမ်အစွန်းရောက်တွေ ဟာ မြို့တော် ကိုင်ရိုအပြင် အခြားမြို့တွေမှာ ခရစ်ယာန်ဘုရားကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ် ၊ အီဂျစ် လုံခြုံရေးတပ်ဖွဲ့တွေ ဟာ မွတ်စလင်ညီနောင်တွေအဖွဲ့ လက်အောက် ခံအဖွဲ့ဖြစ်တဲ့ Hasm အဖွဲ့နဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဆိုင်နိုင်းကျွန်းဆွယ်က စစ်သွေးကြွတွေ ဟာ ဝန်ကြီး ယာဉ်တန်းနဲ့ ပြီးခဲ့တဲ့သီတင်းပတ်က ပစ်မှတ်ထားကာလမ်းဘေးဗုံးထောင်ကာ တိုက်ခိုက်ခဲ့ဖူးပါတယ်။

အခု တိုက်ခိုက်မှုအတွင်း သေဆုံးသူဦးရေ ဆက်လက်မြင့်တက်လာဖွယ်ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)