ကာဒ့္လက္နက္ကိုအဖြဲ႔ဆီကေန  ကီကတ္ၿမိဳ႕ကို အီရတ္တပ္ဖြဲ႔ေတြ အျပည့္အဝျပန္သိမ္း

0
290

အီရတ္ အစိုးရတပ္ဖြဲ႔ေတြ ဟာ  ကီကတ္ၿမိဳ႕ကို  ကာဒ့္လက္နက္ကိုင္အဖြဲ႔ေတြဆီကေန  ရာႏႈန္းျပည့္ျပန္သိမ္းပိုက္ႏုိက္ခဲ့တယ္လို႔ ေအာက္တုိဘာ ၂၀ ရက္ေန႔မွာ အီရတ္ စစ္ဘက္တာဝန္ရွိသူေတြကေျပာပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အီရတ္ တပ္ဖြဲ႔ေတြနဲ႔ ကာဒ့္လက္နက္ကိုင္အဖြဲ႔ေတြၾကားတုိက္ခိုက္မႈျဖစ္ခဲ့ၿပီးေနာက္  ျပန္သိမ္းပိုက္ခဲ့တာျဖစ္ပါတယ္။

ကာဒ့္ေဒသ ကို လြတ္လပ္ေရးရယူဖုိ႔ ႀကိဳးပမ္းခဲ့ၿပီးေနာက္ အီရတ္ အစိုး ရ နဲ႔ကာဒ့္ေဒသ ေခါင္းေဆာင္ေတြၾကား တင္းမာမႈေတြရွိခဲ့ပါတယ္။

အီရတ္ အစိုးရတပ္ဖြဲ႔ေတြ ဟာအေျမွာက္ႀကီးေတြ၊ ဒံုးက်ည္ေတြအသံုးျပဳၿပီး တုိက္ခိုက္ခဲ့တယ္လို႔  မ်က္ျမင္သက္ေသေတြကေျပာပါတယ္။

ကာဒ့္ေဒသမွာလူထူဆႏၵခံယူပြဲက်င္းပၿပီးေနာက္ အီရတ္ ဝန္ႀကီးခ်ဳပ္ အယ္ဘာဒီက  စစ္ေရး အရအေရးယူဖုိ႔ အမိန္႔ေပးခဲ့ပါတယ္။

ကာဒ့္ေဒသ ဆႏၵခံယူပြဲ ဟာ တရားမဝင္ဘူးလို႔ အီရတ္ဝန္ႀကီးခ်ဳပ္ကေျပာပါတယ္။ ကီကတ္ေဒသဟာေရနံ ေပါၾကြယ္ဝတဲ့ေဒသျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကာဒ့်လက်နက်ကိုအဖွဲ့ဆီကနေ ကီကတ်မြို့ကို အီရတ်တပ်ဖွဲ့တွေ အပြည့်အဝပြန်သိမ်း

အီရတ် အစိုးရတပ်ဖွဲ့တွေ ဟာ ကီကတ်မြို့ကို ကာဒ့်လက်နက်ကိုင်အဖွဲ့တွေဆီကနေ ရာနှုန်းပြည့်ပြန်သိမ်းပိုက်နိုက်ခဲ့တယ်လို့ အောက်တိုဘာ ၂၀ ရက်နေ့မှာ အီရတ် စစ်ဘက်တာဝန်ရှိသူတွေကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ အီရတ် တပ်ဖွဲ့တွေနဲ့ ကာဒ့်လက်နက်ကိုင်အဖွဲ့တွေကြားတိုက်ခိုက်မှုဖြစ်ခဲ့ပြီးနောက် ပြန်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
ကာဒ့်ဒေသ ကို လွတ်လပ်ရေးရယူဖို့ ကြိုးပမ်းခဲ့ပြီးနောက် အီရတ် အစိုး ရ နဲ့ကာဒ့်ဒေသ ခေါင်းဆောင်တွေကြား တင်းမာမှုတွေရှိခဲ့ပါတယ်။

အီရတ် အစိုးရတပ်ဖွဲ့တွေ ဟာအမြှောက်ကြီးတွေ၊ ဒုံးကျည်တွေအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။
ကာဒ့်ဒေသမှာလူထူဆန္ဒခံယူပွဲကျင်းပပြီးနောက် အီရတ် ဝန်ကြီးချုပ် အယ်ဘာဒီက စစ်ရေး အရအရေးယူဖို့ အမိန့်ပေးခဲ့ပါတယ်။

ကာဒ့်ဒေသ ဆန္ဒခံယူပွဲ ဟာ တရားမဝင်ဘူးလို့ အီရတ်ဝန်ကြီးချုပ်ကပြောပါတယ်။ ကီကတ်ဒေသဟာရေနံ ပေါကြွယ်ဝတဲ့ဒေသဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)