
0
356





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မျက်လုံးအဝတ်စည်းပြီး ပစ္စည်းကိုအနံခံရုံနဲ့ အရောင်ကို အတိကျပြောနိုင်တဲ့ ကောင်မလေး

နီပေါ နိုင်ငံ ကအသက် ၁၁ နှစ် အရွယ်သာရှိသေးတဲ့ ကောင်မလေး ဟာ အနံခံရုံ နဲ့ အရောင်ကို အတိကျ ပြောနိုင်မှုအပေါ် လူအများ အံအားသင့်နေပါတယ်။

ဒီတီ ရက်မီဆိုတဲ့ ကောင်မလေး ဟာ မျက်လုံးကို အဝတ်စည်းပြီး အရာဝတ္တုတစ်ခုကို အနံခံရုံနဲ့ အရောင် ကို အတိကျပြောနိုင်စွမ်းရှိပြီး အဲဒီလိုမျိုးစွမ်းအင်ကို ပြီးခဲ့တဲ့ နှစ်မှာ စတင်ရခဲ့တာဖြစ်တယ်လို့ မိ ခင်ဖြစ်သူကပြောပါတယ်။

အ ခုလိုမျိုး လုပ်ဆောင်နိုင်တာ ဟာ ဘုရားပေးလက်ဆောင်တစ်ခုဖြစ်တယ်လို့ ရက်မီကပြောပါတယ်။ အစပိုင်းက လူအများ စု ဟာ ကောင်မလေးအပေါ် မယုံကြည်ကြပေမယ့် နောက်ပိုင်းမှာ လက်တွေလုပ်ဆောင်ခိုင်းခဲ့ပြီး ရက်မီရဲ့ စွမ်းဆောင်ချက်ကို ယုံကြည်ခဲ့တာဖြစ်ပါတယ်။

ရက်မီက သူမရဲ့ ဦးနှောင်စွမ်းရည်ပိုကောင်းအောင်လေကျင့်ရင်း နဲ့ အခုလိုမျိုး အ ရောင်တွေကို ခွဲခြားနိုင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ပစ္စည်းတွေကို အ နံခရုံ၊ ဒါမှမဟုတ် သူမ လက်နဲ့ ထိလိုက်ပြီးနောက် ပစ္စည်းရဲ့အရောင်ကို အတိကျပြောနိုင်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)