
0
269


 





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကိုဖျက်သိမ်းရေး ရွေးကောက်ပွဲ ကျင်းပဖို့ စပိန်အစိုးရနဲ့အတိုက်ခံ သဘောတူ

စပိန် အစိုးရ နဲ့ အတိုက်ခံပါတီတို့ ဟာ ဖွဲစည်းပုံအခြေခံဥပဒေ ပုဒ် မ ၁၅၅ အရ ကိုယ်ပိုင် အုပ်ချုပ်ခွင့်မပေးဖို့ကြိုးပမ်းမှုအဖြစ် လာမယ့် နှစ် အစပိုင်းမှာ ကတ်တာလိုနီးယားဒေသမှာ ရွေးကောက်ပွဲတွေကျင်းပဖို့ သဘောတူညီခဲ့ပါတယ်။

စပိန် အစိုးရနဲ့ အတိုက်ခံဆိုရှယ်လစ်ပါတီ (PSOE)တို့ ဟာ လာမယ့် ဇန်နဝါရီလမှာ ကတ်တာလိုနီးယားဒေသမှာ ရွေးကောက်ပွဲကျင်းပဖို့ သဘောတူခဲပါတယ်။

အခု လုပ်ဆောင်မှု ဟာ ကတ်တာလိုနီးယားဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ အ ဖြစ်ကနေ ဖျက်သိမ်းဖို့ ကြိုးပမ်းတာလည်းဖြစ်ပါတယ်။

ကတ်တာလိုနီးယားဒေသမှာ အောက်တိုဘာ ၁ ရက်နေ့မှာ ခွဲထွက်ပြီးလွတ်လပ်ရေး ရယူဖို့ ပြည်သူဆန္ဒခံယူပွဲကျင်းပခဲ့ပြီးနောက် ကတ်တာလိုးနီးယားဒေသ အာဏာပိုင်တွေနဲ့စပိန်အစိုးရ ကြား တင်းမာမှုတွေမြင့်တက်လာခဲ့ပါတယ်။

ဆ န္ဒခံယူပွဲအတွင်း ကတ်တာလိုးနီယားဒေသကို စပိန် နိုင်ငံကနေ ခွဲထွက်ဖို့ ၉၀ ရာခိုင်နှုန်းထောက်ခံခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)