သမၼတ ရွီက်င့္ဖ်င့္ဆီက   အာဏသိမ္းဖို႔ လွ်ိဳဝွက္ၾကံစည္မႈေတြရွိခဲ့

0
292

တရုတ္ အစိုးရထိပ္တန္း အရာရွိတစ္ဦးက တရုတ္ကြန္ျမဴနစ္ ပါတီရဲ႕အဆင့္ျမင္ေခါင္းေဆာင္ေတြ ဟာ တရုတ္သမၼတ ရွီက်င့္ဖ်င့္ ဆီကေန အာဏာသိမ္းဖို႔ လွ်ိဳဝွက္ ၾကံစည္မႈေတြရွိခဲ့တယ္လို႔ ေျပာပါတယ္။

တရုတ္သမၼတ ရွီက်င့္ဖ်င္ ဟာ  အက်င့္ပ်က္ျခစားမႈေတြ ကို  က်ယ္ျပန္႔စြာ လုပ္ေဆာင္ခဲ့မႈနဲ႔အတူ  ဖမ္းဆီးေထာင္ခ်မႈ၊  ေတြလုပ္ခဲ့ၿပီးေနာက္ ပိုင္းတည္းက ပါတီ အဆင့္ျမင့္ေခါင္းေဆာင္ေတြ ဟာ ရွီက်င့္ဖ်င့္ဆီ ကေန အာဏာသိမ္း ဖို႔ စတင္ႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။

  အက်င့္ပ်က္ျခစားမႈေတြကို ၿဖိဳခြင္းမႈေတြကို လုပ္ေဆာင္တာ ဟာ  သမၼတ ရွီက်င့္ဖ်င့္ရဲ႕ ႏုိင္ငံေရးၿပိဳင္ဘက္ေတြကို  သန္႔စင္မႈေတြလုပ္တာလုိ႔ ေလ့လာသူေတြကေျပာပါတယ္။  

အက်င့္ပ်က္လာဘ္စားမႈေတြေၾကာင့္ကြန္ျမဴနစ္ပါတီ ေပၚလစ္ဗ်ဴရို  ဝင္ေတြအပါဝင္  ထိပ္တန္းေခါင္းေဆာင္ အခ်ိဳ႕ ဟာ ပါတီထဲက ထုတ္ပယ္ခံရမႈေတြ ၊ ဖမ္းဆီးခံရတာေတြရွိခဲ့ပါတယ္။

တရုတ္ႏုိင္ငံ မွာ သမၼတ ရွီက်င့္ဖ်င့္ တာဝန္ယူၿပီးေနာက္ အက်င့္ပ်က္လာဘ္စားမႈကိုတိုက္ဖ်က္ေရး လုပ္ငန္းေတြ စတင္ခ်ိန္ အတြင္း လူ သိန္းခ်ီ  စံုစမ္းစစ္ေဆးခံရမႈ၊ ရာထူးကထုတ္ပယ္ခံမႈနဲ႔  ေထာင္ခ်ခံရတာေတြရွိခဲ့တယ္လို႔ တရုတ္မီဒီယာေတြကေဖာ္ျပပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သမ္မတ ရှီကျင့်ဖျင့်ဆီက အာဏသိမ်းဖို့ လျှိုဝှက်ကြံစည်မှုတွေရှိခဲ့

တရုတ် အစိုးရထိပ်တန်း အရာရှိတစ်ဦးက တရုတ်ကွန်မြူနစ် ပါတီရဲ့အဆင့်မြင်ခေါင်းဆောင်တွေ ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင့် ဆီကနေ အာဏာသိမ်းဖို့ လျှိုဝှက် ကြံစည်မှုတွေရှိခဲ့တယ်လို့ ပြောပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင် ဟာ အကျင့်ပျက်ခြစားမှုတွေ ကို ကျယ်ပြန့်စွာ လုပ်ဆောင်ခဲ့မှုနဲ့အတူ ဖမ်းဆီးထောင်ချမှု၊ တွေလုပ်ခဲ့ပြီးနောက် ပိုင်းတည်းက ပါတီ အဆင့်မြင့်ခေါင်းဆောင်တွေ ဟာ ရှီကျင့်ဖျင့်ဆီ ကနေ အာဏာသိမ်း ဖို့ စတင်ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

အကျင့်ပျက်ခြစားမှုတွေကို ဖြိုခွင်းမှုတွေကို လုပ်ဆောင်တာ ဟာ သမ္မတ ရှီကျင့်ဖျင့်ရဲ့ နိုင်ငံရေးပြိုင်ဘက်တွေကို သန့်စင်မှုတွေလုပ်တာလို့ လေ့လာသူတွေကပြောပါတယ်။

အကျင့်ပျက်လာဘ်စားမှုတွေကြောင့်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို ဝင်တွေအပါဝင် ထိပ်တန်းခေါင်းဆောင် အချို့ ဟာ ပါတီထဲက ထုတ်ပယ်ခံရမှုတွေ ၊ ဖမ်းဆီးခံရတာတွေရှိခဲ့ပါတယ်။

တရုတ်နိုင်ငံ မှာ သမ္မတ ရှီကျင့်ဖျင့် တာဝန်ယူပြီးနောက် အကျင့်ပျက်လာဘ်စားမှုကိုတိုက်ဖျက်ရေး လုပ်ငန်းတွေ စတင်ချိန် အတွင်း လူ သိန်းချီ စုံစမ်းစစ်ဆေးခံရမှု၊ ရာထူးကထုတ်ပယ်ခံမှုနဲ့ ထောင်ချခံရတာတွေရှိခဲ့တယ်လို့ တရုတ်မီဒီယာတွေကဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)