
0
314






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ချဲလ်ဆီးအသင်းမှာ မတည်ငြိမ်မှုဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကို နည်းပြကွန်တီ ငြင်းဆန်

ချဲလ်ဆီးနည်းပြ ကွန်တီက အသင်းလေကျင့်ရေးနည်းစနစ်တွေနဲ့ ပတ် သက်ပြီး အသင်း စီနီယာ ကစားသမားတွေနဲ့ အငြင်းပွားမှုတွေရှိနေတယ်ဆိုတဲ့အချက်ကို ပယ်ချလိုက်ပါတယ်။

အသင်း စီနီယာ ကစားသမားတွေ ဟာ နည်းပြကွန်တီရဲ့ လေကျင့်ရေးအစီစဉ်တွေ ဟာ ကစားသမားတွေကို အင်အားကုန်ခန်းမှုတွေဖြစ်စေခဲ့တယ်လို့ အစောပိုင်းက သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

နည်းပြကွန်တီက လေကျင့်ရေးနည်းစနစ်တွေ ဟာ ပရီးမိယားလိဂ် ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ ပြီးခဲ့တဲ့ရာသီက ထက် ၇၀ ရာခိုင်နှုန်း လျော့ချထားတယ်လို့ ပြောပါတယ်။

ချဲလ်ဆီးအသင်း ဟာ နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲမှာ နိုင်ပွဲမရှိတာကြောင့်နည်းပြ ကွန်တီမှာဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ချဲလ်ဆီးအသင်းနည်းပြ ကွန်တီကတော့ သူအနေနဲ့ အသင်း ကစားသမားတွေအငြင်းပွားမှုတွေဖြစ်နေတယ်လို့ဖော်ပြနေတာကို မသိဘူး လို့ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)