ႏိုင္ငံေရးသမားေတြကို သံအမတ္ မခန္႔ဖို႔ မေလးရွား ဆံုးျဖတ္

0
220

ႏိုင္ငံေရးသမားေတြကို သံအမတ္အျဖစ္ ခန္႔အပ္ေတာ့မွာ မဟုတ္ဘူးလို႔ မေလးရွားဝန္ႀကီးခ်ဳပ္ ေဒါက္တာ မဟာသီယာ မိုဟာမက္က ေျပာပါတယ္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ႏိုင္ငံေရးသမားေတြကို သံအမတ္ မခန္႔ဖို႔ အဆိုျပဳခဲ့ၿပီး အစိုးရက သေဘာတူခဲ့တာ ျဖစ္ပါတယ္။ အစိုးရအဖြဲ႔ဝင္ေတြထဲမွာ သံတမန္ လုပ္လိုသူေတြ အမ်ားႀကီး ရွိေနပါတယ္လို႔ ဝန္ႀကီးခ်ဳပ္ ေဒါက္တာ မဟာသီယာက ေျပာပါတယ္။

လက္ရွိ ႏိုင္ငံေရးသမား သံအမတ္ႀကီးေတြ၊ မဟာမင္းႀကီးေတြကိုလည္း မၾကာခင္ သူတို႔တာဝန္ကေန ရပ္စဲမွာ ျဖစ္ပါတယ္။ အခုဆံုးျဖတ္ခ်က္ထဲမွာ တ႐ုတ္ႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ တန္ကြတ္ေဝကေတာ့ ပါဝင္မွာ မဟုတ္ေၾကာင္း၊ သူက မေလးရွားမွာ အေျခခ်ၿပီး အလုပ္ရွိမွာ တ႐ုတ္ႏိုင္ငံကို သြားတာျဖစ္လို႔ သံအမတ္အဆင့္ မဟုတ္ဘူးလို႔ ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံရေးသမားတွေကို သံအမတ် မခန့်ဖို့ မလေးရှား ဆုံးဖြတ်

နိုင်ငံရေးသမားတွေကို သံအမတ်အဖြစ် ခန့်အပ်တော့မှာ မဟုတ်ဘူးလို့ မလေးရှားဝန်ကြီးချုပ် ဒေါက်တာ မဟာသီယာ မိုဟာမက်က ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံရေးသမားတွေကို သံအမတ် မခန့်ဖို့ အဆိုပြုခဲ့ပြီး အစိုးရက သဘောတူခဲ့တာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ဝင်တွေထဲမှာ သံတမန် လုပ်လိုသူတွေ အများကြီး ရှိနေပါတယ်လို့ ဝန်ကြီးချုပ် ဒေါက်တာ မဟာသီယာက ပြောပါတယ်။

လက်ရှိ နိုင်ငံရေးသမား သံအမတ်ကြီးတွေ၊ မဟာမင်းကြီးတွေကိုလည်း မကြာခင် သူတို့တာဝန်ကနေ ရပ်စဲမှာ ဖြစ်ပါတယ်။ အခုဆုံးဖြတ်ချက်ထဲမှာ တရုတ်နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တန်ကွတ်ဝေကတော့ ပါဝင်မှာ မဟုတ်ကြောင်း၊ သူက မလေးရှားမှာ အခြေချပြီး အလုပ်ရှိမှာ တရုတ်နိုင်ငံကို သွားတာဖြစ်လို့ သံအမတ်အဆင့် မဟုတ်ဘူးလို့ ဝန်ကြီးချုပ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)