တင္ပါးႀကီးေအာင္ ခြဲစိတ္ရာမွာ လူေသဆံုးလို႔ ဆရာဝန္အတု ေထာင္က်

0
242

အေမရိကန္မွာ အမ်ိဳးသမီးတစ္ဦးကို တင္ပါးႀကီးေအာင္ ခြဲစိတ္ေပးရာမွာ ေသဆံုးခဲ့လို႔ ဆရာဝန္အတုဟာ ေထာင္ဒဏ္ ၁၂ ႏွစ္ ခ်မွတ္ခံရပါတယ္။

ကီဗင္ရစ္ခ်တ္ဆန္ (၄၇ ႏွစ္) လူေသဆံုးေစမႈ၊ တရားမဝင္ ခြဲစိတ္ကုသမႈေတြနဲ႔ စြဲခ်က္တင္ခံရတာ ျဖစ္ပါတယ္။ နယူးေယာက္ၿမိဳ႕မွာ သူက ၿပီးခဲ့တဲ့ ဇူလိုင္ ၁၅ ရက္ေန႔မွာ လိတ္ရွာဘိုင္နန္ (၃၁ ႏွစ္)ကို တင္ပါးႀကီးေအာင္ ဆီလီကြန္ ထိုးေပးခဲ့တာ ျဖစ္ပါတယ္။

မစၥဘိုင္နန္ဟာ ကိုမာဝင္ကာ သတိလစ္သြားၿပီး ၂ ပတ္အၾကာမွာ ေသဆံုးခဲ့ပါတယ္။ ရစ္ခ်တ္ဆန္က ထြက္ေျပးသြားခဲ့ေပမယ့္ ဖမ္းမိၿပီး ေထာင္ဒဏ္ ၁၂ ႏွစ္ ခ်မွတ္ခံရတာ ျဖစ္ပါတယ္။ ရစ္ခ်တ္ဆန္ဟာ တျခား အမ်ိဳးသမီးေတြကိုလည္း တရားမဝင္ ခြဲစိတ္ကုသမႈေတြ လုပ္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တင်ပါးကြီးအောင် ခွဲစိတ်ရာမှာ လူသေဆုံးလို့ ဆရာဝန်အတု ထောင်ကျ

အမေရိကန်မှာ အမျိုးသမီးတစ်ဦးကို တင်ပါးကြီးအောင် ခွဲစိတ်ပေးရာမှာ သေဆုံးခဲ့လို့ ဆရာဝန်အတုဟာ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံရပါတယ်။

ကီဗင်ရစ်ချတ်ဆန် (၄၇ နှစ်) လူသေဆုံးစေမှု၊ တရားမဝင် ခွဲစိတ်ကုသမှုတွေနဲ့ စွဲချက်တင်ခံရတာ ဖြစ်ပါတယ်။ နယူးယောက်မြို့မှာ သူက ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့မှာ လိတ်ရှာဘိုင်နန် (၃၁ နှစ်)ကို တင်ပါးကြီးအောင် ဆီလီကွန် ထိုးပေးခဲ့တာ ဖြစ်ပါတယ်။

မစ္စဘိုင်နန်ဟာ ကိုမာဝင်ကာ သတိလစ်သွားပြီး ၂ ပတ်အကြာမှာ သေဆုံးခဲ့ပါတယ်။ ရစ်ချတ်ဆန်က ထွက်ပြေးသွားခဲ့ပေမယ့် ဖမ်းမိပြီး ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံရတာ ဖြစ်ပါတယ်။ ရစ်ချတ်ဆန်ဟာ တခြား အမျိုးသမီးတွေကိုလည်း တရားမဝင် ခွဲစိတ်ကုသမှုတွေ လုပ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)