ဂ်ပန္ဝန္ႀကီးခ်ဳပ္နဲ႔ အေမရိကန္သမၼတတို႔ ေတြ႔ဆံုမယ္

0
164

ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇုိအာေဘးနဲ႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္တို႔ဟာ လာမယ့္ သီတင္းပတ္မွာ ထိပ္သီးေဆြးေႏြးပြဲ ထပ္မံလုပ္ေဆာင္မွာ ျဖစ္ပါတယ္။

အေမရိကန္ႏိုင္ငံ၊ နယူးေယာက္ၿမိဳ႕မွာ ထိပ္သီးေဆြးေႏြးပြဲလုပ္မွာျဖစ္ၿပီး သမၼတထရမ့္နဲ႔ အာေဘး ၾကား ၈ ႀကိမ္ေျမာက္ ထိပ္သီးေဆြးေႏြးမႈလုပ္တာ ျဖစ္ပါတယ္။ ၇၃ ႀကိမ္ေျမာက္ ကုလသမဂၢညီလာခံ နားခ်ိန္မွာ ထိပ္သီးေဆြးေႏြးပြဲ လုပ္မွာျဖစ္ၿပီး ကုန္သြယ္ေရး ျပႆနာေတြ အျပင္ ေျမာက္ကိုရီးယား ႏုိင္ငံရဲ႕ ႏ်ဴကလီယား ဖ်က္သိမ္းေရး ကိစၥေတြကို အဓိကထားေဆြးေႏြးမွာ ျဖစ္ပါတယ္။

ေျမာက္ကိုရီးယား ႏုိင္ငံက ၁၉၇၀ ျပည့္နဲ႔ ၁၉၈၀ ခုႏွစ္တုိ႔မွာ ဂ်ပန္ ႏုိင္ငံသားေတြကို ျပန္ေပးဆြဲမႈနဲ႔ ပတ္သက္လို႔ ေျမာက္ကိုရီးယားနဲ႔ ဂ်ပန္ႏုိင္ငံၾကား ဆက္ဆံေရး ေအးစက္ခဲ့ၿပီး ေျမာက္ကိုရီးယားက ဂ်ပန္ႏုိင္ငံသားေတြကို ျပန္ေပးဆြဲခဲ့တာကိုလည္း ထပ္မံေဆြးေႏြးမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပန်ဝန်ကြီးချုပ်နဲ့ အမေရိကန်သမ္မတတို့ တွေ့ဆုံမယ်

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ လာမယ့် သီတင်းပတ်မှာ ထိပ်သီးဆွေးနွေးပွဲ ထပ်မံလုပ်ဆောင်မှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ထိပ်သီးဆွေးနွေးပွဲလုပ်မှာဖြစ်ပြီး သမ္မတထရမ့်နဲ့ အာဘေး ကြား ၈ ကြိမ်မြောက် ထိပ်သီးဆွေးနွေးမှုလုပ်တာ ဖြစ်ပါတယ်။ ၇၃ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံ နားချိန်မှာ ထိပ်သီးဆွေးနွေးပွဲ လုပ်မှာဖြစ်ပြီး ကုန်သွယ်ရေး ပြဿနာတွေ အပြင် မြောက်ကိုရီးယား နိုင်ငံရဲ့ နျူကလီယား ဖျက်သိမ်းရေး ကိစ္စတွေကို အဓိကထားဆွေးနွေးမှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား နိုင်ငံက ၁၉၇၀ ပြည့်နဲ့ ၁၉၈၀ ခုနှစ်တို့မှာ ဂျပန် နိုင်ငံသားတွေကို ပြန်ပေးဆွဲမှုနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားနဲ့ ဂျပန်နိုင်ငံကြား ဆက်ဆံရေး အေးစက်ခဲ့ပြီး မြောက်ကိုရီးယားက ဂျပန်နိုင်ငံသားတွေကို ပြန်ပေးဆွဲခဲ့တာကိုလည်း ထပ်မံဆွေးနွေးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)