ဆီးရီးယား မိသားစု ၈ ေထာင္ကို ကုလ ရိကၡာေထာက္ပံ့မႈ ဆိုင္းငံ့

0
176

လက္ဘႏြန္ရွိ စစ္ေျပးဒုကၡသည္ ဆီးရီးယား မိသားစု ၈ ေထာင္ကို ေပးေနတဲ့ စားနပ္ရိကၡာ ေထာက္ပံ့မႈကို ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ံုး (UNHCR) က ဆိုင္းငံ့လိုက္တယ္လို႔ တက္ၾကြလႈပ္ရွားသူေတြက ေျပာပါတယ္။

လက္ဘႏြန္မွာ ကမာၻ႔စားနပ္ရိကၡာ အစီအစဥ္ (WFP) အကူအညီနဲ႔ UNHCR ကတဆင့္ ေပးေနတဲ့ အေထာက္အပံ့ေတြ စီးပြားေရး၊ လူမႈေရးအရ အားအနည္းဆံုးနဲ႔ အလိုအပ္ဆံုး မိသားစုေတြကို အေျခခံ လိုအပ္ခ်က္အတြက္သာ ေထာက္ပံ့မယ္လို႔ ေျပာပါတယ္။ UNHCR ရဲ႕ သတ္မွတ္ခ်က္အရ အားအနည္းဆံုး မိသားစုဆိုတာ စားနပ္ရိကၡာ၊ က်န္းမာေရး၊ ေဆးဝါး လိုအပ္ေနတဲ့ မိသားစုေတြကို ဆိုလိုတာ ျဖစ္ပါတယ္။

စစ္ေျပးဒုကၡသည္ မိသားစု ၂ သိန္း ၆ ေသာင္းကို UNHCR က မိသားစု တစ္စုလွ်င္ တစ္လကို အေမရိကန္ ေဒၚလာ ၁၇၃ ေဒၚလာနဲ႔ တစ္ဦးစီအတြက္ ထပ္ေဆာင္း ၂၇ ေဒၚလာ ေထာက္ပံ့ေနတာ ျဖစ္ပါတယ္။ အဲဒီထဲက မိသားစု ၈ ေထာင္ကို ေပးေနတဲ့ စားနပ္ရိကၡာကို ေလွ်ာ့ခ်မွာ ျဖစ္တယ္လို႔ ဒုကၡသည္မိသားစု အားလံုးကို အေၾကာင္းၾကားထားၿပီး ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆီးရီးယား မိသားစု ၈ ထောင်ကို ကုလ ရိက္ခာထောက်ပံ့မှု ဆိုင်းငံ့

လက်ဘနွန်ရှိ စစ်ပြေးဒုက္ခသည် ဆီးရီးယား မိသားစု ၈ ထောင်ကို ပေးနေတဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှုကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဆိုင်းငံ့လိုက်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

လက်ဘနွန်မှာ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အကူအညီနဲ့ UNHCR ကတဆင့် ပေးနေတဲ့ အထောက်အပံ့တွေ စီးပွားရေး၊ လူမှုရေးအရ အားအနည်းဆုံးနဲ့ အလိုအပ်ဆုံး မိသားစုတွေကို အခြေခံ လိုအပ်ချက်အတွက်သာ ထောက်ပံ့မယ်လို့ ပြောပါတယ်။ UNHCR ရဲ့ သတ်မှတ်ချက်အရ အားအနည်းဆုံး မိသားစုဆိုတာ စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ ဆေးဝါး လိုအပ်နေတဲ့ မိသားစုတွေကို ဆိုလိုတာ ဖြစ်ပါတယ်။

စစ်ပြေးဒုက္ခသည် မိသားစု ၂ သိန်း ၆ သောင်းကို UNHCR က မိသားစု တစ်စုလျှင် တစ်လကို အမေရိကန် ဒေါ်လာ ၁၇၃ ဒေါ်လာနဲ့ တစ်ဦးစီအတွက် ထပ်ဆောင်း ၂၇ ဒေါ်လာ ထောက်ပံ့နေတာ ဖြစ်ပါတယ်။ အဲဒီထဲက မိသားစု ၈ ထောင်ကို ပေးနေတဲ့ စားနပ်ရိက္ခာကို လျှော့ချမှာ ဖြစ်တယ်လို့ ဒုက္ခသည်မိသားစု အားလုံးကို အကြောင်းကြားထားပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)