0
210
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ထိုင်းဘုရင်မိသားစုပုံ မီးရှို့တဲ့ လူငယ် ၆ ဦး စွဲချက်ကို ဖြေလျှော့
ထိုင်းအယူခံ တရားရုံးက ထိုင်းဘုရင်မိသားစုကို မီးရှို့တဲ့ ထိုင်းလူငယ် ၆ ဦး အပေါ် စွဲချက်တင်ထားမှုကို ဖြေလျှော့ပေးလိုက်ပါတယ်။
ဒါပေမယ့် ထိုင်းနိုင်ငံသား ၆ ဦးဟာ အများပြည်သူသုံးပစ္စည်း ထိခိုက်ပျက်စီးစေမှုနဲ့ စွဲချက်တင်ခံရဖွယ် ရှိပါတယ်။ ထိုင်းနိုင်ငံမှာ ဘုရင်မိသားစုတွေကို မလေးမစားလုပ်တဲ့အပေါ် တင်းကျပ်တဲ့ ဥပဒေပြဌာန်းထားပြီး ဘုရင့်မိသားစုကို စော်ကားကြောင်း ပြစ်မှုထင်ရှားခဲ့ရင် ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ် အမြင့််ဆုံး ပေးခံရနိုင်ပါတယ်။
အသက် ၁၈ နှစ် နဲ့ ၂၀ အရွယ်ကြားရှိ လူငယ် ၆ ဦးဟာ ပြီးခဲ့တဲ့နှစ်က ထိုင်းဘုရင် ဝဇီရာလောင်ကွန်းနဲ့ နတ်ရွာစံသွားတဲ့ ဘုရင်ကြီး ဘူမီဘော အဒူလျာဒက်တို့ရဲ့ ပုံတွေ မီးရှို့ဖို့လုပ်ခဲ့ပြီး တခြားသူက စေခိုင်းလို့လုပ်တာ ဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)