ဗီယက္နမ္ သမၼတ က်န္ဒိုင္ကြမ္ ကြယ္လြန္

0
193

ဗီယက္နမ္သမၼတ က်န္ဒိုင္ကြမ္ (၆၁ ႏွစ္)ဟာ ဒီေန႔ စက္တင္ဘာ ၂၁ ရက္ေန႔မွာပဲ အျပင္းအထန္ ဖ်ားနာၿပီးေနာက္ ကြယ္လြန္သြားၿပီျဖစ္တယ္လို႔ ဗီယက္နမ္ ႏိုင္ငံပိုင္႐ုပ္သံက ေၾကညာသြားပါတယ္။

မစၥတာ ကြမ္ဟာ အျပင္းအထန္ ဖ်ားနာမႈေၾကာင့္ ဟႏြိဳင္းၿမိဳ႕ရွိ စစ္ေဆး႐ံုကို တက္ေရာက္ခဲ့ၿပီး ဗီယက္နမ္ ဆရာဝန္ေတြ၊ ႏိုင္ငံတကာ ဆရာဝန္ေတြနဲ႔ ပါရဂူေတြ ႀကိဳးစားကုသေပမယ့္ ကြယ္လြန္သြားခဲ့တာ ျဖစ္ပါတယ္။

ဗီယက္နမ္ႏိုင္ငံကို အဓိက အုပ္ခ်ဳပ္တာက သမၼတ၊ ဝန္ႀကီးခ်ဳပ္နဲ႔ ကြန္ျမဴနစ္ပါတီ အႀကီးအကဲတို႔ ျဖစ္ပါတယ္။ သမၼတအဆင့္က ႏိုင္ငံေတာ္ အခမ္းအနားေတြကို တက္ေရာက္ရတာ ျဖစ္ပါတယ္။ မစၥတာ ကြမ္ဟာ ၂၀၁၆ ခုႏွစ္ ဧၿပီလမွာ သမၼတအျဖစ္ ခန္႔အပ္ခံရတာ ျဖစ္ပါတယ္။

ကမာၻ႔စီးပြားေရး ဖိုရမ္ တက္ေရာက္ဖို႔ ဗီယက္နမ္ကို ေရာက္ရွိစဥ္ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ က်န္ဒိုင္ကြမ္တို႔ ဟႏြိဳင္းရွိ သမၼတ အိမ္ေတာ္မွာ စက္တင္ဘာ ၁၃ ရက္ေန႔က ေတြ႔ဆံုေဆြးေႏြးခဲ့ၾကပါေသးတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗီယက်နမ် သမ္မတ ကျန်ဒိုင်ကွမ် ကွယ်လွန်

ဗီယက်နမ် သမ္မတ ကျန်ဒိုင်ကွမ် (၆၁ နှစ်) ဟာ ဒီနေ့ စက်တင်ဘာ ၂၁ ရက်နေ့မှာပဲ အပြင်းအထန် ဖျားနာပြီးနောက် ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ ဗီယက်နမ် နိုင်ငံပိုင် ရုပ်သံက ကြေညာသွားပါတယ်။

မစ္စတာ ကွမ်ဟာ အပြင်းအထန် ဖျားနာမှုကြောင့် ဟနွိုင်းမြို့ရှိ စစ်ဆေးရုံကို တက်ရောက်ခဲ့ပြီး ဗီယက်နမ် ဆရာဝန်တွေ၊ နိုင်ငံတကာ ဆရာဝန်တွေနဲ့ ပါရဂူတွေ ကြိုးစားကုသပေမယ့် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံကို အဓိက အုပ်ချုပ်တာက သမ္မတ၊ ဝန်ကြီးချုပ်နဲ့ ကွန်မြူနစ်ပါတီ အကြီးအကဲတို့ ဖြစ်ပါတယ်။ သမ္မတအဆင့်က နိုင်ငံတော် အခမ်းအနားတွေကို တက်ရောက်ရတာ ဖြစ်ပါတယ်။ မစ္စတာ ကွမ်ဟာ ၂၀၁၆ ခုနှစ် ဧပြီလမှာ သမ္မတအဖြစ် ခန့်အပ်ခံရတာ ဖြစ်ပါတယ်။

ကမ္ဘာ့စီးပွားရေး ဖိုရမ် တက်ရောက်ဖို့ ဗီယက်နမ်ကို ရောက်ရှိစဉ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ကျန်ဒိုင်ကွမ်တို့ ဟနွိုင်းရှိ သမ္မတ အိမ်တော်မှာ စက်တင်ဘာ ၁၃ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)