ဖိလစ္ပိုင္မွာ ေျမၿပိဳမႈေတြ ထပ္ျဖစ္ လူ ၁၂ ဦးေသ

0
180

ဖိလစ္ပိုင္ႏုိင္ငံမွာ အင္အားျပင္း မုန္တိုင္းတုိက္ခတ္ၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲ ေျမၿပိဳမႈေတြျဖစ္ခဲ့လို႔ အိမ္ေပါင္း ၂၅ လံုး ေျမႀကီးထဲ နစ္ျမဳပ္ခဲ့ၿပီး လူေပါင္း ၁၂ ဦး ေသဆံုးသြားခဲ့ပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံ အလယ္ပိုင္းမွာ စက္တင္ဘာ ၂၀ ရက္ေန႔က ေျမၿပိဳခဲ့တာ ျဖစ္ပါတယ္။ စီဘူးေဒသရွိ နာဂါရြာမွာ ေနထုိင္တဲ့ ရြာသားေတြကို မုန္တုိင္းေၾကာင့္ ေဘးလြတ္ရာကို ေရႊ႕ေစခဲ့ၿပီး မုန္တုိင္းၿပီးခ်ိန္ အိမ္ကို ျပန္လာခ်ိန္မွာ ေျမၿပိဳမႈေတြနဲ႔ ၾကံဳခဲ့ရတာျဖစ္ပါတယ္။

မုန္တုိင္း တုိက္ခိုက္ခဲ့ၿပီးေနာက္ ေရႀကီးမႈေတြနဲ႔အတူ ေျမၿပိဳမႈေတြ ျဖစ္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ရွာေဖြကယ္ဆယ္ေရး အဖြဲ႔ေတြဟာ မုန္တုိင္းတုိက္ၿပီးေနာက္ ေျမၿပိဳမႈ ျဖစ္လာႏိုင္ဖြယ္ရွိတဲ့ ေနရာေတြကို ကယ္ဆယ္ေရးလုပ္ႏုိင္ဖုိ႔ ႀကိဳးပမ္းေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖိလစ်ပိုင်မှာ မြေပြိုမှုတွေ ထပ်ဖြစ် လူ ၁၂ ဦးသေ

ဖိလစ်ပိုင်နိုင်ငံမှာ အင်အားပြင်း မုန်တိုင်းတိုက်ခတ်ပြီးနောက် ရက်ပိုင်းအကြာမှာပဲ မြေပြိုမှုတွေဖြစ်ခဲ့လို့ အိမ်ပေါင်း ၂၅ လုံး မြေကြီးထဲ နစ်မြုပ်ခဲ့ပြီး လူပေါင်း ၁၂ ဦး သေဆုံးသွားခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ စက်တင်ဘာ ၂၀ ရက်နေ့က မြေပြိုခဲ့တာ ဖြစ်ပါတယ်။ စီဘူးဒေသရှိ နာဂါရွာမှာ နေထိုင်တဲ့ ရွာသားတွေကို မုန်တိုင်းကြောင့် ဘေးလွတ်ရာကို ရွှေ့စေခဲ့ပြီး မုန်တိုင်းပြီးချိန် အိမ်ကို ပြန်လာချိန်မှာ မြေပြိုမှုတွေနဲ့ ကြုံခဲ့ရတာဖြစ်ပါတယ်။

မုန်တိုင်း တိုက်ခိုက်ခဲ့ပြီးနောက် ရေကြီးမှုတွေနဲ့အတူ မြေပြိုမှုတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေဟာ မုန်တိုင်းတိုက်ပြီးနောက် မြေပြိုမှု ဖြစ်လာနိုင်ဖွယ်ရှိတဲ့ နေရာတွေကို ကယ်ဆယ်ရေးလုပ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)