မေလးရွား ဝန္ၾကီးခ်ဳပ္ေဟာင္းကို စြဲခ်က္ ၂၅ ခုတင္

0
175

မေလးရွားဝန္ၾကီးခ်ဳပ္ေဟာင္း နာဂ်စ္ရာဇတ္ကို အက်င့္ပ်က္လာဘ္စားမႈ၊ အာဏာအလြဲသံုးစားမႈေတြအပါ၀င္ စြဲခ်က္တင္ ၂၅ ခုတင္လုိက္ေၾကာင္း သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

မေလးရွားဝန္ၾကီးခ်ဳပ္ေဟာင္းဟာ ႏိုင္ငံဖြံျဖိဳးေရးရန္ပံုေငြထဲမွ ပိုက္ဆံ အေမရိကန္ေဒၚလာ ၅၅၆ သန္းကို သူရဲ႕ ကုိယ္ပိုင္ဘဏ္အေကာင့္ထဲကို လႊဲေျပာင္းေစခဲ့တယ္လို႔ စြပ္စြဲခံရၿပီးေနာက္ စြဲခ်က္တင္ခံရတာ ျဖစ္ပါတယ္။

နာဂ်စ္ဟာ အာဏာအလြဲသံုးစားမႈနဲ႔ ဆက္စပ္တဲ့ စြဲခ်က္ ၄ ခု တင္ခံရပါတယ္။ နာဂ်စ္ကေတာ့ စြဲခ်က္ ၂၅ ခုလံုးနဲ႔ပတ္သက္လို႔ အျပစ္မရွိေၾကာင္း ေျပာခဲ့ပါတယ္။ မေလးရွား အက်င့္ပ်က္လာဘ္စားမႈ တုိက္ဖ်က္ေရးရဲေတြဟာ နာဂ်စ္နဲ႔ သူရဲ႕မိသားစုေတြပိုင္ အိမ္ထဲကေန ေငြေၾကးနဲ႔ ပိုင္ဆုိင္တဲ့ ပစၥည္းေတြကို သိမ္းဆည္းထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မလေးရှား ဝန်ကြီးချုပ်ဟောင်းကို စွဲချက် ၂၅ ခုတင်

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို အကျင့်ပျက်လာဘ်စားမှု၊ အာဏာအလွဲသုံးစားမှုတွေအပါဝင် စွဲချက်တင် ၂၅ ခုတင်လိုက်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

မလေးရှားဝန်ကြီးချုပ်ဟောင်းဟာ နိုင်ငံဖွံဖြိုးရေးရန်ပုံငွေထဲမှ ပိုက်ဆံ အမေရိကန်ဒေါ်လာ ၅၅၆ သန်းကို သူရဲ့ ကိုယ်ပိုင်ဘဏ်အကောင့်ထဲကို လွှဲပြောင်းစေခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက် စွဲချက်တင်ခံရတာ ဖြစ်ပါတယ်။

နာဂျစ်ဟာ အာဏာအလွဲသုံးစားမှုနဲ့ ဆက်စပ်တဲ့ စွဲချက် ၄ ခု တင်ခံရပါတယ်။ နာဂျစ်ကတော့ စွဲချက် ၂၅ ခုလုံးနဲ့ပတ်သက်လို့ အပြစ်မရှိကြောင်း ပြောခဲ့ပါတယ်။ မလေးရှား အကျင့်ပျက်လာဘ်စားမှု တိုက်ဖျက်ရေးရဲတွေဟာ နာဂျစ်နဲ့ သူရဲ့မိသားစုတွေပိုင် အိမ်ထဲကနေ ငွေကြေးနဲ့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို သိမ်းဆည်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)