လန္ဒန္ဘူတာရံု ဗံုးခြဲမႈ ၆ ေယာက္ေျမာက္ သံသယရွိသူကို ဖမ္းဆီး

0
308

ၿဗိတိန္ႏိုင္ငံရွိ  ပါဆန္ ဂရင္း ဘူတာရံုအတြင္း ၿပီးခဲ့တဲ့တပတ္က အၾကမ္းဖက္ တုိက္ခိုက္မႈနဲ႔ ပတ္သက္ေနတဲ့ အသက္ ၁၇ ႏွစ္အရြယ္ ၆    ေယာက္ေျမာက္ သံသယရွိသူကို ရဲတပ္ဖြဲ႔က ဖမ္းဆီးလိုက္ပါတယ္။

အဲ့ဒီ သံသယရွိသူကို  လန္ဒန္ၿမိဳ႕ ေတာင္ပုိင္း သြန္တန္ ဟိသ္ ဒိစႀတိတ္မွာ ညသန္းေခါင္ယံအခ်ိန္  ရဲတပ္ဖြဲ႔ေတြက ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။ လက္လုပ္ဗံုးနဲ႔ တိုက္ခိုက္မႈေၾကာင့္ ပါဆန္ ဂရင္းဘူတာရံုမွာ ဒဏ္ရာရသူ ၃၀ ရွိခဲ့ပါတယ္။

အမ်ိဳးသား ၆ ေယာက္ကို ဖမ္းထားၿပီး လိပ္စာ ၅ ခုမွ ရွာေဖြမႈေတြ ဆက္လုပ္ေနတယ္၊ စစ္ေဆးမႈေတြကို ျမန္ျမန္ဆန္ဆန္ လုပ္ေနတယ္လို႔ စေကာ့တလန္ ယာ့ဒ္ ရဲတပ္ဖြဲ႔အႀကီးအကဲ ဒင္ ေဟဒန္က ေျပာပါတယ္။

အသက္ ၂၅ ႏွစ္၊ ၃၀ ႏွစ္နဲ႔ ၄၈ ႏွစ္ရွိသူ သံုးဦးကို ေဝးလ္ေတာင္ပိုင္း နယူးပို႔မွာ ဖမ္းဆီးခဲ့ပါတယ္။ အသက္ ၂၁ ႏွစ္အရြယ္ ယာယာ ဖာရြတ္ဆိုသူကိုေတာ့ လန္ဒန္ အေနာက္ပိုင္း ဟြန္စလိုမွာ ဖမ္းဆီးခဲ့ၿပီး ၁၈ ႏွစ္အရြယ္ သံသယရွိသူကိုေတာ့ ဒိုဗာ ဆိပ္ကမ္းမွာ ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လန်ဒန်ဘူတာရုံ ဗုံးခွဲမှု ၆ ယောက်မြောက် သံသယရှိသူကို ဖမ်းဆီး

ဗြိတိန်နိုင်ငံရှိ ပါဆန် ဂရင်း ဘူတာရုံအတွင်း ပြီးခဲ့တဲ့တပတ်က အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်နေတဲ့ အသက် ၁၇ နှစ်အရွယ် ၆ ယောက်မြောက် သံသယရှိသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

အဲ့ဒီ သံသယရှိသူကို လန်ဒန်မြို့ တောင်ပိုင်း သွန်တန် ဟိသ် ဒိစတြိတ်မှာ ညသန်းခေါင်ယံအချိန် ရဲတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ လက်လုပ်ဗုံးနဲ့ တိုက်ခိုက်မှုကြောင့် ပါဆန် ဂရင်းဘူတာရုံမှာ ဒဏ်ရာရသူ ၃၀ ရှိခဲ့ပါတယ်။

အမျိုးသား ၆ ယောက်ကို ဖမ်းထားပြီး လိပ်စာ ၅ ခုမှ ရှာဖွေမှုတွေ ဆက်လုပ်နေတယ်၊ စစ်ဆေးမှုတွေကို မြန်မြန်ဆန်ဆန် လုပ်နေတယ်လို့ စကော့တလန် ယာ့ဒ် ရဲတပ်ဖွဲ့အကြီးအကဲ ဒင် ဟေဒန်က ပြောပါတယ်။

အသက် ၂၅ နှစ်၊ ၃၀ နှစ်နဲ့ ၄၈ နှစ်ရှိသူ သုံးဦးကို ဝေးလ်တောင်ပိုင်း နယူးပို့မှာ ဖမ်းဆီးခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် ယာယာ ဖာရွတ်ဆိုသူကိုတော့ လန်ဒန် အနောက်ပိုင်း ဟွန်စလိုမှာ ဖမ်းဆီးခဲ့ပြီး ၁၈ နှစ်အရွယ် သံသယရှိသူကိုတော့ ဒိုဗာ ဆိပ်ကမ်းမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)