
0
265





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားနဲ့ ဆွေးနွေးရမယ့်အချိန် ကျော်လွန်သွားပြီလို့ ဂျပန် ပြော

ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြောက်ကိုရီးယားနဲ့ ဆွေးနွေးရမယ့်အချိန် ကျော်လွန်သွားပြီ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယား နိုင်ငံဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ ဂျပန်နိုင်ငံပေါ်ကို ဖြတ်သန်းပြီး ဒုံးကျည်စမ်းသပ်မှုတွေ လုပ်ခဲ့တာကြောင့် တရုတ်နဲ့ ရုရှားနိုင်ငံက မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှုတွေလုပ်ဖို့ တိုက်တွန်းနေချိန်မှာပဲ ဂျပန်နိုင်ငံက တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားနဲ့ ဆွေးနွေးမယ့်အချိန် မဟုတ်တော့ဘူးလို့ ဂျပန် ဝန်ကြီးချုပ်က ပြောပါတယ်။ ဒါအပြင် ဂျပန်နိုင်ငံ ဟာ မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့အတူ ရပ်တည်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိအချိန်ဟာ ဆွေးနွေးရမယ့်အချိန် မဟုတ်တော့ဘဲ မြောက်ကိုရီးယားနိုင်ငံကို ဖိအားပေးသွားရမယ်လို့ ဝန်ကြီးချုပ် အာဘေးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)