အီရန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၄ နာရီအတွင်း လူ ၂၂၉ ဦး စံချိန်တင် သေဆုံး

0
139

အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့လူနာဟာ ၂၄ နာရီအတွင်း ၂၂၉ ဦးအထိ စံချိန်တင် ရှိသွားတယ်လို့ အီရန် ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၁ ရက်နေ့မှာ ပြောပါတယ်။

ကပ်ရောဂါဒဏ် အပြင်းအထန် ခံနေရတဲ့ အီရန်နိုင်ငံဟာ lockdown ဖြေလျှော့မှုတွေကို ဧပြီ လလယ်ကတည်းက စလုပ်နေပြီး အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် စီးပွားရေး ပိုကောင်းလာအောင်လည်း ဖြစ်ပါတယ်။

အီရန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၄၆၃၄ ဦးအထိ ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ဆီမာ ဆဒတ် လာရီက အစိုးရရုပ်သံကနေ ပြောပါတယ်။ အီရန်မှာ ရောဂါ ကူးစက်သူ ၂၇၈၈၂၇ ဦးနဲ့ ရောဂါ ပြန်လည်သက်သာသူ ၂၄၂၃၅၁ ဦး ရှိပါတယ်။

အီရနမြှာ အရငကြ ၂၄ နာရီအတှငြး ကပရြောဂါကှောင့ြ သဆေုံးမှု အမွားဆုံး စံခွိနတြငထြားတာက ဇူလိုငလြ ၁၉ ရကနြေ့မှာ လူ ၂၂၁ ဦး သဆေုံးမှု ဖှဈပါတယြ။ အီရနမြှာ ကနွြးမာရေး ဝနထြမြးနဲ့ ဆေးရုံ မလုံလောကမြှုတှေ ရှိနကှေောငြး ကနွြးမာရေး တာဝနရြှိသူတှကေ ဝနခြံထားပါတယြ။

__________________

__________________


အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့လူနာဟာ ၂၄ နာရီအတွင်း ၂၂၉ ဦးအထိ စံချိန်တင် ရှိသွားတယ်လို့ အီရန် ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၁ ရက်နေ့မှာ ပြောပါတယ်။

ကပ်ရောဂါဒဏ် အပြင်းအထန် ခံနေရတဲ့ အီရန်နိုင်ငံဟာ lockdown ဖြေလျှော့မှုတွေကို ဧပြီ လလယ်ကတည်းက စလုပ်နေပြီး အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် စီးပွားရေး ပိုကောင်းလာအောင်လည်း ဖြစ်ပါတယ်။

အီရန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၄၆၃၄ ဦးအထိ ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ဆီမာ ဆဒတ် လာရီက အစိုးရရုပ်သံကနေ ပြောပါတယ်။ အီရန်မှာ ရောဂါ ကူးစက်သူ ၂၇၈၈၂၇ ဦးနဲ့ ရောဂါ ပြန်လည်သက်သာသူ ၂၄၂၃၅၁ ဦး ရှိပါတယ်။

အီရန်မှာ အရင်က ၂၄ နာရီအတွင်း ကပ်ရောဂါကြောင့် သေဆုံးမှု အများဆုံး စံချိန်တင်ထားတာက ဇူလိုင်လ ၁၉ ရက်နေ့မှာ လူ ၂၂၁ ဦး သေဆုံးမှု ဖြစ်ပါတယ်။ အီရန်မှာ ကျန်းမာရေး ဝန်ထမ်းနဲ့ ဆေးရုံ မလုံလောက်မှုတွေ ရှိနေကြောင်း ကျန်းမာရေး တာဝန်ရှိသူတွေက ဝန်ခံထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)