တရုတ်ဟက်ကာ နှစ်ဦးကို တရားစွဲလိုက်ကြောင်း အမေရိကန် တရားရေးဌာန ကြေညာ

0
153

အမေရိကန် COVID-19 သုတေသနတွေ အပါအဝင် အစိုးရအေဂျင်စီတွေ၊ စီးပွားရေးလုပ်ငန်းတွေရဲ့ လျှို့ဝှက်တဲ့ သတင်းအချက်အလက်တွေ ခိုးယူဖို့ ကြိုးစားတဲ့ တရုတ်ဟက်ကာနှစ်ဦးကို တရားစွဲဆိုလိုက်တယ်လို့ အမေရိကန် တရားရေးဌာနက ဇူလိုင်လ ၂၁ ရက်နေ့မှာ ကြေညာပါတယ်။

တရုတ်နိုင်ငံသား လီ ရှောင်ယူ (၃၄ နှစ်) နဲ့ ဒေါင် ကျားဇီ (၃၁ နှစ်) တို့ဟာ ရာနဲ့ချီတဲ့ ကုမ္ပဏီ၊ အစိုးရအဖွဲ့တွေအပြင် နိုင်ငံရေးအတိုက်အခံနဲ့ ဘာသာရေးဆရာတွေရဲ့ ကွန်ပြူတာစနစ်တွေကို ထိုးဖောက်ဝင်ရောက်ခဲ့မှု ၁၁ မှုနဲ့ တရားစွဲထားတာပါ။

သူတို့နှစ်ဦးဟာ အမေရိကန် ပြည်ထောင်စု၊ ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးရှိ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေရ့ account တွေကိုပါ ချိုးဖောက်ဝင်ရောက်တယ်လို့ စွပ်စွဲခံထားရပါတယ်။ နှစ်များစွာကြာ သူတို့ရဲ့ လုပ်ဆောင်မှုဟာ တကိုယ်ရေ ငွေကြေး အတွက်သာမကဘဲ တရုတ်အစိုးရ အကျိုးအတွက်ပါ ဖြစ်တယ်လို့ အမေရိကန် တရားရေးဌာနက ပြောပါတယ်။

တရုတ် ချန်ဒူး တက္ကသိုလ်က ကွန်ပြူတာနည်းပညာနဲ့ ကျောင်းပြီးလာတဲ့ လီနဲ့ ဒေါင်ဟာ နည်းပညာအဆင့်မြင့်တဲ့ သြစတြေးလျ၊ ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ ဂျပန်၊ လစ်သူယေးနီးယား၊ စပိန်၊ တောင်ကိုရီးယား၊ ဆွီဒင်နဲ့ ဗြိတိန်အပါအဝင် နိုင်ငံတွေကို ပစ်မှတ်ထားခဲ့တယ်လို့လည်း တရားရေးဌာနက ပြောပါတယ်။ သူတို့ ပစ်မှတ်ထားတဲ့ လုပ်ငန်းတွေက ဆေးပစ္စည်း၊ စက်မှု အင်ဂျင်နီယာလုပ်ငန်း၊ စီးပွားရေး၊ ပညာရေးနဲ့ ဂိမ်းဆော့ဖ်ဝဲ၊ စွမ်းအင်နဲ့ ဆေးဝါးထုတ်လုပ်ရေးတွေပါတယ်လို့လည်း ပြောပါတယ်။


___________________

___________________

တရုတ်ဟက်ကာ နှစ်ဦးကို တရားစွဲလိုက်ကြောင်း အမေရိကန် တရားရေးဌာန ကြေညာ

အမေရိကန် COVID-19 သုတေသနတွေ အပါအဝင် အစိုးရအေဂျင်စီတွေ၊ စီးပွားရေးလုပ်ငန်းတွေရဲ့ လျှို့ဝှက်တဲ့ သတင်းအချက်အလက်တွေ ခိုးယူဖို့ ကြိုးစားတဲ့ တရုတ်ဟက်ကာနှစ်ဦးကို တရားစွဲဆိုလိုက်တယ်လို့ အမေရိကန် တရားရေးဌာနက ဇူလိုင်လ ၂၁ ရက်နေ့မှာ ကြေညာပါတယ်။

တရုတ်နိုင်ငံသား လီ ရှောင်ယူ (၃၄ နှစ်) နဲ့ ဒေါင် ကျားဇီ (၃၁ နှစ်) တို့ဟာ ရာနဲ့ချီတဲ့ ကုမ္ပဏီ၊ အစိုးရအဖွဲ့တွေအပြင် နိုင်ငံရေးအတိုက်အခံနဲ့ ဘာသာရေးဆရာတွေရဲ့ ကွန်ပြူတာစနစ်တွေကို ထိုးဖောက်ဝင်ရောက်ခဲ့မှု ၁၁ မှုနဲ့ တရားစွဲထားတာပါ။

သူတို့နှစ်ဦးဟာ အမေရိကန် ပြည်ထောင်စု၊ ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးရှိ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေရ့ account တွေကိုပါ ချိုးဖောက်ဝင်ရောက်တယ်လို့ စွပ်စွဲခံထားရပါတယ်။ နှစ်များစွာကြာ သူတို့ရဲ့ လုပ်ဆောင်မှုဟာ တကိုယ်ရေ ငွေကြေး အတွက်သာမကဘဲ တရုတ်အစိုးရ အကျိုးအတွက်ပါ ဖြစ်တယ်လို့ အမေရိကန် တရားရေးဌာနက ပြောပါတယ်။

တရုတ် ချန်ဒူး တက္ကသိုလ်က ကွန်ပြူတာနည်းပညာနဲ့ ကျောင်းပြီးလာတဲ့ လီနဲ့ ဒေါင်ဟာ နည်းပညာအဆင့်မြင့်တဲ့ သြစတြေးလျ၊ ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ ဂျပန်၊ လစ်သူယေးနီးယား၊ စပိန်၊ တောင်ကိုရီးယား၊ ဆွီဒင်နဲ့ ဗြိတိန်အပါအဝင် နိုင်ငံတွေကို ပစ်မှတ်ထားခဲ့တယ်လို့လည်း တရားရေးဌာနက ပြောပါတယ်။ သူတို့ ပစ်မှတ်ထားတဲ့ လုပ်ငန်းတွေက ဆေးပစ္စည်း၊ စက်မှု အင်ဂျင်နီယာလုပ်ငန်း၊ စီးပွားရေး၊ ပညာရေးနဲ့ ဂိမ်းဆော့ဖ်ဝဲ၊ စွမ်းအင်နဲ့ ဆေးဝါးထုတ်လုပ်ရေးတွေပါတယ်လို့လည်း ပြောပါတယ်။ သူတို့ဟာ မကြာသေးခင်က COVID-19 ဆေး ထုတ်လုပ်ဖို့ စမ်းသပ်နေတဲ့ နည်းပညာနဲ့ ကုသနည်းတွေလုပ်နေတဲ့ ကုမ္ပဏီ ကွန်ပြူတာ ကွန်ရက်တွေရဲ့ အားနည်းတဲ့အပိုင်းတွေကို ဟက်ခဲ့တယ်လို့ FBI က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)