နီပေါက နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေ ပြန်စမယ်

0
116

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်မှုကြောင့် လေးလနီးပါး ဆိုင်းငံ့ထားတဲ့ ပုံမှန် နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေကို လာမယ့် သြဂုတ်လ ၁၇ ရက်နေ့မှာ ပြန်လည်စတင်မယ်လို့ ခရီးသွားလုပ်ငန်းနှင့် အရပ်ဖက် လေကြောင်းဆိုင်ရာ ဝန်ကြီးက ဒီနေ့ ဇူလိုင်လ ၂၁ ရက်နေ့မှာ ပြောပါတယ်။

တရုတ်၊ အိန္ဒိယတို့နဲ့ထိစပ်နေတဲ့ နီပေါနိုင်ငံဟာ ပြီးခဲ့တဲ့ မတ်လမှာ COVID-19 ရောဂါ ကူးစက်မှု စတင် တွေ့ရှိပြီးနောက် နိုင်ငံတကာ လေကြောင်း ခရီးစဉ်တွေကို ရပ်ဆိုင်းကာ တစ်နိုင်ငံလုံး lockdown ချခဲ့တာပါ။ လက်ရှိ နီပေါနိုင်ငံမှာ ရောဂါကူးစက်သူ ၁၇၈၄၄ ဦးနဲ့ ရောဂါကြောင့် သေဆုံးသူ ၄၀ ဦး ရှိပါတယ်။

နီပေါနိုင်ငံဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင် ၁၄ ခုအနက် ဧဝရတ်တောင် အပါအဝင် အမြင့်ဆုံးတောင် ရှစ်တောင် ပိုင်ဆိုင်ထားတဲ့နိုင်ငံ ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းဟာလည်း တောင်တက်ခြင်းအပေါ် မူတည်နေတာပါ။

နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေကို ခတ္တမန္ဒူ နိုင်ငံတကာလေဆိပ်ကနေ ပြန်လည်စတင် ပြေးဆွဲဖို့ ကက်ဘိနက်က ဇူလိုင်လ ၂၀ ရက်နေ့မှာ ဆုံးဖြတ်ခဲ့တာပါ။ လေကြောင်းလိုင်းတွေ လိုက်နာရမယ့် လုံခြုံရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ရေးဆွဲဖို့ ပြင်နေတယ်လို့ ခရီးသွားလုပ်ငန်းနှင့် အရပ်ဖက် လေကြောင်းဆိုင်ရာ ဝန်ကြီး ယိုဂေ့ရှ် ဘတ္တာရိုင်းက ပြောပါတယ်။


__________________

__________________


ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်မှုကြောင့် လေးလနီးပါး ဆိုင်းငံ့ထားတဲ့ ပုံမှန် နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေကို လာမယ့် သြဂုတ်လ ၁၇ ရက်နေ့မှာ ပြန်လည်စတင်မယ်လို့ ခရီးသွားလုပ်ငန်းနှင့် အရပ်ဖက် လေကြောင်းဆိုင်ရာ ဝန်ကြီးက ဒီနေ့ ဇူလိုင်လ ၂၁ ရက်နေ့မှာ ပြောပါတယ်။

တရုတ်၊ အိန္ဒိယတို့နဲ့ထိစပ်နေတဲ့ နီပေါနိုင်ငံဟာ ပြီးခဲ့တဲ့ မတ်လမှာ COVID-19 ရောဂါ ကူးစက်မှု စတင် တွေ့ရှိပြီးနောက် နိုင်ငံတကာ လေကြောင်း ခရီးစဉ်တွေကို ရပ်ဆိုင်းကာ တစ်နိုင်ငံလုံး lockdown ချခဲ့တာပါ။ လက်ရှိ နီပေါနိုင်ငံမှာ ရောဂါကူးစက်သူ ၁၇၈၄၄ ဦးနဲ့ ရောဂါကြောင့် သေဆုံးသူ ၄၀ ဦး ရှိပါတယ်။

နီပေါနိုင်ငံဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင် ၁၄ ခုအနက် ဧဝရတ်တောင် အပါအဝင် အမြင့်ဆုံးတောင် ရှစ်တောင် ပိုင်ဆိုင်ထားတဲ့နိုင်ငံ ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းဟာလည်း တောင်တက်ခြင်းအပေါ် မူတည်နေတာပါ။

နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေကို ခတ္တမန္ဒူ နိုင်ငံတကာလေဆိပ်ကနေ ပြန်လည်စတင် ပြေးဆွဲဖို့ ကက်ဘိနက်က ဇူလိုင်လ ၂၀ ရက်နေ့မှာ ဆုံးဖြတ်ခဲ့တာပါ။ လေကြောင်းလိုင်းတွေ လိုက်နာရမယ့် လုံခြုံရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ရေးဆွဲဖို့ ပြင်နေတယ်လို့ ခရီးသွားလုပ်ငန်းနှင့် အရပ်ဖက် လေကြောင်းဆိုင်ရာ ဝန်ကြီး ယိုဂေ့ရှ် ဘတ္တာရိုင်းက ပြောပါတယ်။ လေယာဉ် ပြေးဆွဲမှုမတိုင်ခင် ခရီးစဉ် အချိန်ဇယားကို အစိုးရထံ တင်ပြ အတည်ပြုချက် ယူဖို့ တင်သွင်းနိုင်ပြီလို့ ခတ္တမန္ဒူ လေဆိပ် ပြောခွင့်ရသူ မစ္စတာ ဒီယိုချန်ဒရာ လာ ကာနာက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)