ကမ္ဘာကို ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားတာ မတားဆီးဖို့ တရုတ် ရွေးခဲ့တယ်လို့ သမ္မတ ထရမ့် စွပ်စွဲ

0
134

တရုတ်အစိုးရဟာ အန္တရာယ်ကြီးလှတဲ့ ဗိုင်းရပ်စ် ကမ္ဘာတစ်လွှား မပြန့်ပွားအောင် တားဆီးနိုင်စွမ်းရှိခဲ့ပေမယ့် မတားဆီးတဲ့လမ်းကို ရွေးခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က စွပ်စွဲလိုက်ပါတယ်။

သမ္မတ ထရမ့်ဟာ COVID-19 ကပ်ရောဂါကို တရုတ်ရဲ့ ကိုင်တွယ်မှုအပေါ် စိတ်ပျက်ကြောင်းလည်း အရင်က ထုတ်ဖော် ပြောဖူးပါတယ်။ ကမ္ဘာတစ်လွှား လူတွေ အစုလိုက်အပြုံလိုက် သေစေတဲ့ ဗိုင်းရပ်စ် တိုက်ဖျက်ရေး ဦးဆောင်ဖို့ တရုတ်အစိုးရဟာ အရည်အချင်းမရှိဘူးလို့လည်း သမ္မတ ထရမ့်က ပြီးတဲ့ မေလမှာ ပြောဖူးပါသေးတယ်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့က စတင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း လူ ၆ သိန်းကျော် သေတဲ့အနက် အမေရိကန်နိုင်ငံသား ၁၄၃၀၀၀ ဦး ပါဝင်နေပါတယ်။ တစ်ကမ္ဘာလုံးမှာ COVID-19 ရောဂါ ကူးစက်သူ ၁၄ သန်းရှိတဲ့အနက် အမေရိကန်မှာ ကူးစက်သူ ၄ သန်းကျော် ရှိနေပြီး ကမ္ဘာ့စီးပွားရေးကိုလည်း ဖရိုဖရဲ ဖြစ်စေပါတယ်။

တရုတ်အာဏာပိုင်တွေကတော့ အမေရိကန်က စွပ်စွဲသလို ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကို ဖုံးကွယ်ခြင်း မရှိဘူးလို့ ငြင်းဆိုသလို အမေရိကန်ဟာ ဝူဟန် ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်းကနေ ကိုရိုနာဗိုင်းရပ်စ် စတင်တယ်ဆိုပြီး ပြည်သူ့အာရုံကို ပြောင်းပြန်ဖြစ်အောင် ကြိုးစားနေတယ်လို့ တန်ပြန် စွပ်စွဲထားပါတယ်။

ဒါဟာ တရုတကြနလောတာ၊ အပှငကြို ပှန့မြထှကသြင့ဘြူး၊ သူတို့ တားဆီးနိုငစြှမြးရှိခဲ့တယြ၊ အလှယတြကူ တားဆီးနိုငစြှမြး ရှိခဲ့တယြ၊ သူတို့ အဲဒီလမြးကို မရှေးခဲ့ဘူးလို့ ဇူလိုငလြ ၂၀ ရကနြေ့မှာ သမျမတ ထရမ့ကြ ပဲဥပုံရုံးခနြးအတှငြး သတငြးထောကတြှကေို ပှောခဲ့တာ ဖှဈပါတယြ။

__________________

__________________

ကမ်ဘာကို ကိုရိုနာဗိုငျးရပျဈ ပွနျ့ပှားတာ မတားဆီးဖို့ တရုတျ ရှေးခဲ့တယျလို့ သမ်မတ ထရမျ့ စှပျစှဲ

တရုတ်အစိုးရဟာ အန္တရာယ်ကြီးလှတဲ့ ဗိုင်းရပ်စ် ကမ္ဘာတစ်လွှား မပြန့်ပွားအောင် တားဆီးနိုင်စွမ်းရှိခဲ့ပေမယ့် မတားဆီးတဲ့လမ်းကို ရွေးခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က စွပ်စွဲလိုက်ပါတယ်။

သမ္မတ ထရမ့်ဟာ COVID-19 ကပ်ရောဂါကို တရုတ်ရဲ့ ကိုင်တွယ်မှုအပေါ် စိတ်ပျက်ကြောင်းလည်း အရင်က ထုတ်ဖော် ပြောဖူးပါတယ်။ ကမ္ဘာတစ်လွှား လူတွေ အစုလိုက်အပြုံလိုက် သေစေတဲ့ ဗိုင်းရပ်စ် တိုက်ဖျက်ရေး ဦးဆောင်ဖို့ တရုတ်အစိုးရဟာ အရည်အချင်းမရှိဘူးလို့လည်း သမ္မတ ထရမ့်က ပြီးတဲ့ မေလမှာ ပြောဖူးပါသေးတယ်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့က စတင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း လူ ၆ သိန်းကျော် သေတဲ့အနက် အမေရိကန်နိုင်ငံသား ၁၄၃၀၀၀ ဦး ပါဝင်နေပါတယ်။ တစ်ကမ္ဘာလုံးမှာ COVID-19 ရောဂါ ကူးစက်သူ ၁၄ သန်းရှိတဲ့အနက် အမေရိကန်မှာ ကူးစက်သူ ၄ သန်းကျော် ရှိနေပြီး ကမ္ဘာ့စီးပွားရေးကိုလည်း ဖရိုဖရဲ ဖြစ်စေပါတယ်။

တရုတ်အာဏာပိုင်တွေကတော့ အမေရိကန်က စွပ်စွဲသလို ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကို ဖုံးကွယ်ခြင်း မရှိဘူးလို့ ငြင်းဆိုသလို အမေရိကန်ဟာ ဝူဟန် ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်းကနေ ကိုရိုနာဗိုင်းရပ်စ် စတင်တယ်ဆိုပြီး ပြည်သူ့အာရုံကို ပြောင်းပြန်ဖြစ်အောင် ကြိုးစားနေတယ်လို့ တန်ပြန် စွပ်စွဲထားပါတယ်။ ဒါဟာ တရုတ်ကနေလာတာ၊ အပြင်ကို ပြန့်မထွက်သင့်ဘူး၊ သူတို့ တားဆီးနိုင်စွမ်းရှိခဲ့တယ်၊ အလွယ်တကူ တားဆီးနိုင်စွမ်း ရှိခဲ့တယ်၊ သူတို့ အဲဒီလမ်းကို မရွေးခဲ့ဘူးလို့ ဇူလိုင်လ ၂၀ ရက်နေ့မှာ သမ္မတ ထရမ့်က ပဲဥပုံရုံးခန်းအတွင်း သတင်းထောက်တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)