ကိုရိုနာဗိုင်းရပ်စ် ပြန်လည် ထူထောင်ရေး ရန်ပုံငွေအဖြစ် EU က ဒေါ်လာ ၈၅၈ ဘီလီယံ သဘောတူ

0
127

နာရီပေါင်း ၉၀ ကြာ ဆွေးနွေးညှိနှိုင်းကြပြီးနောက် ဥရောပ သမဂ္ဂ (EU) ဟာ ကိုရိုနာဗိုင်းရပ်စ်ကနေ ပြန်လည် ထူထောင်ရေး ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၈၅၈ ဘီလီယံ (ယူရို ၇၅၀ ဘီလီယံ) ထားဖို့ ဇူလိုင်လ ၂၀ ရက်နေ့က သဘောတူလိုက်ပါတယ်။

ဘရပ်ဆဲလ်မြို့မှာ ဥရောပ နိုင်ငံခေါင်းဆောင် ၂၇ ဦး နာရီပေါင်း ၉၀ ကြာ ဆွေးနွေးပွဲဟာ ဥရောပ ကောင်စီ အစည်းအဝေးသမိုင်းမှာ ဒုတိယ အကြာဆုံး ဆွေးနွေးပွဲ ဖြစ်ပါတယ်။

စီးပွားရေး ပြန်လည်ထူထောင်ရေးနဲ့ ကြွေးမြီကိစ္စတွေမှာ နယ်သာလန် ဦးဆောင်တဲ့ ငါးနိုင်ငံက အပြင်းအထန် ကန့်ကွက်နေလို့ အခုလို အချိန်ကြာသွားတာ ဖြစ်ပါတယ်။

ဥရောပရဲ့ သွေးစည်းညီညွတ်မှုအပေါ် အခြေခံထားတဲ့ ပြန်လည် ထူထောင်ရေး ရန်ပုံငွေဟာ တကယ့် သမိုင်း အပြောင်းအလဲတစ်ခု ဖြစ်ကြောင်း၊ ဥရောပအတွက်လည်း သမိုင်းဝင် ခြေလှမ်းဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်က ပြောပါတယ်။

ဒါ့အပှငြ ဥရောပ သမဂျဂ ခေါငြးဆောငတြှဟော နောကလြာမယ့ြ ခုနဈနှဈတာ သုံးစှဲမှုအတှကြ သမိုငြးဝငြ ယူရို ၁ ဒသမ ၈ ထရီလီယံ အသုံးစရိတအြတှကလြညြး သဘောတူ လကမြှတရြေးထိုးခဲ့ပါတယြ။

__________________

__________________


နာရီပေါင်း ၉၀ ကြာ ဆွေးနွေးညှိနှိုင်းကြပြီးနောက် ဥရောပ သမဂ္ဂ (EU) ဟာ ကိုရိုနာဗိုင်းရပ်စ်ကနေ ပြန်လည် ထူထောင်ရေး ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၈၅၈ ဘီလီယံ (ယူရို ၇၅၀ ဘီလီယံ) ထားဖို့ ဇူလိုင်လ ၂၀ ရက်နေ့က သဘောတူလိုက်ပါတယ်။

ဘရပ်ဆဲလ်မြို့မှာ ဥရောပ နိုင်ငံခေါင်းဆောင် ၂၇ ဦး နာရီပေါင်း ၉၀ ကြာ ဆွေးနွေးပွဲဟာ ဥရောပ ကောင်စီ အစည်းအဝေးသမိုင်းမှာ ဒုတိယ အကြာဆုံး ဆွေးနွေးပွဲ ဖြစ်ပါတယ်။

စီးပွားရေး ပြန်လည်ထူထောင်ရေးနဲ့ ကြွေးမြီကိစ္စတွေမှာ နယ်သာလန် ဦးဆောင်တဲ့ ငါးနိုင်ငံက အပြင်းအထန် ကန့်ကွက်နေလို့ အခုလို အချိန်ကြာသွားတာ ဖြစ်ပါတယ်။

ဥရောပရဲ့ သွေးစည်းညီညွတ်မှုအပေါ် အခြေခံထားတဲ့ ပြန်လည် ထူထောင်ရေး ရန်ပုံငွေဟာ တကယ့် သမိုင်း အပြောင်းအလဲတစ်ခု ဖြစ်ကြောင်း၊ ဥရောပအတွက်လည်း သမိုင်းဝင် ခြေလှမ်းဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်က ပြောပါတယ်။ ဒါ့အပြင် ဥရောပ သမဂ္ဂ ခေါင်းဆောင်တွေဟာ နောက်လာမယ့် ခုနစ်နှစ်တာ သုံးစွဲမှုအတွက် သမိုင်းဝင် ယူရို ၁ ဒသမ ၈ ထရီလီယံ အသုံးစရိတ်အတွက်လည်း သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)