
0
441





>>>>>>>>>>>>>>>>>>>>>>>>>>>

စပိန်တရားရုံးကချမှတ်တဲ့ ဆိုင်းငံထောင်ဒဏ်ကို စီရော်နယ်ဒို လက်ခံ

ဂျူဗင်တပ် အသင်းကိုပြောင်းရွှေသွားတဲ့ တိုက်စစ်မှူး စီရော်နယ်ဒို ဟာစပိန် ရီးရဲမက် ဒရစ်အသင်းမှာ ကစားခဲ့ချိန်က စပိန် တရားရုံးကအမိန့်ချမှတ်ခဲ့တဲ့ ဆိုင်းငံထောင်ဒဏ်ကို လက်ခံသလို အငြင်းပွားဖွယ်ရာဖြစ်ခဲ့တဲ့ အခွန်တိမ်းရှောင် မှုအစိတ် အပိုင်းအဖြစ် ပေါင် ၁၂ ဒသမ ၁သန်းပေးချေသွားမှာဖြစ်ပါတယ်။

စီရော်နယ်ဒို ဟာ စပိန် ရီးရဲမက် ဒရစ်မှ ကစားချိန်က အခွန်တိမ်းရှောင်တယ်လို့ စွပ်စွဲခံရပြီး ဒဏ်ငွေ နဲ့ ဆိုင်းငံထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရတယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။

စပိန် Cadena Cope ရေဒီယို သတင်းဌာနက စီရော်နယ်ဒိုဟာ အခွန်တိမ်းရှောင်မှုအဖြစ် ပေါင် ၁၂ သန်းကျော်အပြင်ဒဏ်ငွေ နဲ့ တရား ရုံးကုန်ကျစရိတ် ပေါင် ၄ ဒသမ ၇ သန်း ပေးဖွယ်ရှိနေကြောင်းဖော်ပြခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ်အသင်းမှာ ကစားခဲ့ချိန် က ပုံရိပ် အသုံးပြုခ အခွင့်ရေးနဲ့ ပတ်သက်လို့ ပေါင် ၁၂ ဒသမ ၈ သန်း အခွန်တိမ်းရှောင်ခဲ့တယ်လို့ ဆိုပါတယ်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)